ဤခရီး နီးလွန်း၏
ရေးဖွဲ့သူ- မေယုတာရာ
လူ့လောကကြီးထဲ ငိုစပြုရင်းဝင်လာခဲ့
မွေးကင်းစမှ ၅ နှစ်ထိ ကလေးဘဝမှာ
မိဘရင်ခွင်ထဲ ပျော်ပျော်လေးပဲကွယ်
စိုးရိမ်သောက အလျဉ်းမရှိ၊ လောကကြီးက ငါနဲ့တစိမ်း
မိဘထက်ပိုချစ်သူဟူ၍ နတ္ထိပါပဲ။
တစ်ခါ ၁၅ နှစ်အရွယ်ထိ လူကလေးဘဝ
ပူပန်စရာတွေ မတွေးတတ် ကခုန်ကစား စာဖတ် အိပ်ပျော်
မိဘအပြင် ချစ်တတ်သူတိုးလာပြီ ဆရာ၊ဆရာမများ
လောကကြီးက ချစ်စရာကြီးပါလား။
တစ်ဖန် ၂၅ နှစ်ထိ လူငယ်ဘဝ
၁၀ တန်းကျော်ဘွဲ့လဲရလာ လေ့လာလိုစိတ် အရာရာ
ဘဝနောင်ရေး စဉ်းစားတတ်ရင်းလေ
စွန့်စားတတ်သိလိုစိတ် ပြင်းပြတဲ့အရွယ်လေး။
သက်တော် ငါးဆယ်ထိ လူကြီးဘဝ
အိမ်ထောင်ဦးစီး ရင်သွေးတွေနှင့် စီးပွားရေးပါ ...
ညီလေးသို့ မှာတမ်း (၁)
ရေးဖွဲ့သူ – ယျာတင် (ရိုဟင်းသား)
ညီလေး ...
လောကရဲ့မာယာများတဲ့ အကွေ့မှာ
ခလုတ်တိုက်မိတဲ့အခါပေါ့
ကဗျာတိုတစ်ပုဒ်
မရည်ရွယ်မိဘဲ ညည်းဖြစ်မိသလား။
ဘဝမှာ အကွေ့အလှည့်တွေများတယ်
ဘဝမှာ အနိမ့်အမြင့်တွေ များတယ်
မနက်မိုးလင်းရင် အသက်ရှင်နေတာတွေ့တော့
ပြုံးဖြစ်မိတဲ့အခါလည်းရှိတယ်
နေ့တာကို ရင်ဆိုင်ဖို့ရာ
ကြိုပြီး ရင်မောတာလည်းရှိမယ်
ငါ့ညီလေး ....
လူတကာထက် မာကျောဖို့ လိုတယ်။
ဘာဖြစ်ဖြစ်ပေါ့လေ
အချိန်တန်ရင် ...
အရှေ့ဖက်က နေထွက်လာပြီး
"နေ့" ဖြစ်လာတယ်
အနောက်ဖက်သို့ နေဝင်သွားပြီး
"ည" ဖြစ်လာတယ်။
ငါတို့ဟာ အဲ့ဒီအမှန်တရားစက်ဝန်းမှာ
မလိုက်ချင်လည်း လိုက်လည်နေရတဲ့
သက်တမ်းတို ခရီးသည်တွေ ဖြစ်တယ်။
"အောက်စီဂျင်ဟာ
လေပြည်လေညင်းမှာရှိနေသလိုပဲ
မုန်တိုင်းရဲ့တိုက်လေထဲမှာလည်းရှိတယ်" တဲ့။
ငါ့ညီလေး ...
အဆိုးထဲက အကောင်းကို မြင်တတ်ဖို့လိုတယ်။
အဓိကက ...
မင်းအတွက် မင်း ...
မင်းကို လိုအပ်နေသူတွေအတွက် မင်း
အသက်ရှင်နေပေးဖို့ အရေးကြီးတယ်။
ငါ့ ညီလေး ...
လောကဓံတရားကို
အားပါတရ တစ်ချက်ပြုံးပြလိုက်စမ်းပါ။
ဒါဟာ ... အောင်မြင်မှုကို
မင်းဆီရွေ့လာဖို့ လမ်းဖွင့်ပေးလိုက်တာပါပဲ။
Sn.Sep,B-09
(25-09-2019)
The Art Garden Rohingya