(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
ကိုရိုနာဗိုင်းရပ်စ် (ကိုဗီးဒ်-၁၉) ရေးဖွဲ့သူ - မောင်မောင်တင် (ရိုပုတ္တ) တရုတ်ပြည်ဆိုး၊ ကိုရိုနာပိုး ဌာနေမရွေး လူမရွေး ခင်သူရွေးကာ သတ်ဖြတ်၏။ သံယောဇဉ်တိုးလေ၊ ပိုဆိုးလေ သက်ရှုလမ်းပိတ်၊ သူလန့်ထိတ် သီတင်းနှစ်ပတ်နှင့် ကြွရ၏။ သူနှင့်ခင်ရာ၊ မသင်္ကာ သွားလာပိတ်ဆို့၊ အိမ်တွင်းပို့ အပြင်ပိတ်ဟန့်၊ သီးသန့်ထား၏။ ပညာသင်ရ၊ ခက်လွန်းလှ ကျောင်းများပိတ်ထား၊ ရုံးပိတ်ထား ကျောင်းခိုးပြေးသူ ပျော်ရ၏။ ရေဒီယိုလည်း ငြိမ်မနေ ကူးစက်စာရင်း၊ သေစာရင်း ချိန်မီထုတ်ပြန် ကြောက်လန့်စေ၏။ (၂၂-၅-၂၀၁၅) အယ်ဒီတာအဖွဲ့ #TheArtGardenRohingya