Posts tagged "Tun_Lin_Soe"

May 2020

အတွေးဒဿန  သင့်ဘဝမှာ သင်ဘာ လုပ်နေတာကို အကုန်ချပြဖို့ အရေးကြီးတာမဟုတ်ပါဘူး။ မှတ်တမ်း တင်ထားဖို့ပဲ အရေးကြီးတာပါ။ - ထွန်းလင်စိုး     ၂၅-၀၅-၂၀၂၀ အယ်ဒီတာအဖွဲ့ The Art Garden Rohingya
ခွင့်လွှတ်ပါ စာကလေးရယ်... ရေးဖွဲ့သူ- ထွန်းလင်စိုး ဆောင်းဦးရာသီ ဝမ်းစာကုန်ဆုံး စပါးမပေါ်ခင် လယ်သမားမွဲတဲ့ ရာသီဆိုရင်လည်းမမှားပေ.......။ ငါငယ်ငယ်ရွယ်က မြူးတူးခဲ့တဲ့ အိမ်ရှေ့တလင်းထဲ ဖျာကြီးခင်းကာ စပါးနေပူလှန်းလို့ စာကလေးအတွက်ပျော်ဖို့နေရာ ငါအတွက် စိတ်ဆိုးစရာ အချိန်ပြည့် စပါးဖျာခင်းငါစောင့်ခဲ့ရ၏။ ဖျာခင်းနားက ငါလစ်ခဲ့ရင် သူတို့ ဆင်းလာ စပါးကောက်စား မေမေအတွက် ပြောကောင်းဟစ် "စာကလေးတွေ စပါးအကုန်စားပစ်မယ်"လို့ မစာနာတဲ့ ငါ့စိတ်လည်း မြင်မြင်ချင်း လွတ်မထားပေ ကြင်နာထောက်ထား ငါမထား စပါးတလုံး မပါစေလိုငှာ တခါတလေ လေးကွနဲ့ ပစ်လို့ စာကလေးတစ်ချို့ကို ငါသတ်ပစ်ခဲ့ရ၏။ ဒါပေမယ့်..... စာကလေးတွေ တစ်နေ့ကုန် စပါးကောက်စားခဲ့သော် တတောင်းမျှပင် စားမကုန်နိုင် တစ်နှစ်လုံး စားပစ်ဖျက်ဆီးခဲ့သော် ငါတို့ တမိသားစုရဲ့ တရက်စာ မကုန်နိုင်တာ ကိုငါမသိပါလေ။ ဩော်....ယခုတဖန် ၂၀၁၇ ခုနှစ် အာရ်ကာန်မြောက်ပိုင်းမှာ လူယုတ်မာ မြန်မာစစ်တပ်တွေက သိန်းနဲ့ချီတဲ့ လူတွေကို ...