Posts tagged "Rohingya Refugee"

Dec 2020

မင်း​ဖြေကြည့်ပါ ဘာဆန်ဂျာ   တစ်သက်တကျွန်းဆိုတာက ရာဇ၀တ်သားမဟုတ်တဲ့ ဒုက္ခသည်တွေလည်း ကျတာပဲလား? က​လေး​ငယ်တွေနဲ့ အမျိုးသမီးတွေ အာဟာရနပ်မမှန်လို့ ခန္ဓာကိုယ်ပိန်ချုံးချိနဲ့​​​နေကြတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေအားလုံးအတွက် လူ့ဂုဏ်သိက္ခာနဲ့ လူ့တန်ဖိုး​တွေကဘယ်မှာလဲ ဘာဆန်ဂျာ? ငါတို့ချစ်တဲ့ အကို​တွေ၊ ညီမငယ်​တွေ၊ အ​မေအို​တွေ ဆုံးရှုံးခဲ့ကြရတဲ့ ငါတို့အတွက် ကိုယ်ချင်းစာတရားက ကွက်ကျားမိုးပဲ ရွာတတ်ကြတာလား? မုတ်သုန်ဆို အန္တရာယ်များလွန်းပြီး အခြား​သောလူသတ္တ၀ါတွေ​တောင်မ​နေနိုင်တဲ့၊ (နေဖို့မသင့်တဲ့) မင်းဆီကိုပို့လိုက်ဖို့ ဘုရားသခင်ကိုယ်တိုင်က အမိန့်​ပေးလိုက်တာလား? ကိုယ်ကြီးပြင်းရာ ဒေသ၊ အစစအရာရာ အသားကျ​နေတဲ့ အရပ်ကို ဘယ်သူကစွန့်ခွာချင်ပါ့မလဲ ဘာဆန်ဂျာ.. ဒါဆို ငါတို့ဘာလို့ ဒီ​ရောက်​နေလဲလို့​တော့မ​မေးပါနဲ့။ ငါတို့က စွန့်ခွာခဲ့တာ မဟုတ်ဘူး။ ငါတို့ကို ခွေးလိုနွားလို၊ အမှိုက်သရိုက်လို မောင်းထုတ် စွန့်ပစ်ခံခဲ့ရတာပါ။ ငါတို့လိုဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဒုက္ခရောက်​နေကြတာကို လက်ခုပ်လက်၀ါးတီးပြီး အောင်ပွဲခံ​နေကြတဲ့ လူတစ်စုကို မေးခွန်းလေးတစ်ခုလောက် ...