ရိုတို့ဘဝ
ရေးဖွဲ့သူ - BM [Hairu]
မိုးပွင့်ထောင်လို စခန်းချောင်က အပြင်ထွက်ရန် ဝင်ပေါက်တံခါး တကယ်နတ္တိ ပိတ်ပင်တားလို့ ရေတွင်းထဲက ဖားဘဝလို ကုန်ဆုံးနေသည့် ရိုတို့ဘဝ။
ရိက္ခာရလည်း ပဲဟင်းတစ်မည် နေ့တိုင်းစားလို့ ထမင်းလုတ်တွေ အဝင်မသာ လည်ပင်းနာနာ မျက်ရည်လည်လည် အငတ်ပြေအောင် မျိုချရသည့် ရိုတို့ဘဝ။
မှောင်ဆိုင်းနေသည့် အနာဂတ်က အဓိပ္ပာယ်မဲ့ ကျန်ရစ်နေရင်း နောက်တမ်းပြန်ဆုတ် ဖိအားယုတ်ကြောင့် အတိတ်မှာပင် သက်ရှူကျပ်ကျပ် ...