Posts tagged "Najam"

May 2020

ကမ်းလက်စိတ်တူ နှင်းဆီဖြူ ရေးဖွဲ့သူ- ငြိမ်းချမ်းနဂျမ်း (ရိုခရီးသည်) အဓမ္မဝါဒီ မျိုးချစ်ရေခြုံ အစွန်းရောက်သမားတွေက ငါတို့ရဲ့ အမြတ်တနိုး အလေးအမြတ်ထားတဲ့ ဝတ်ပြုကျောင်းတွေကို ဖျက်ဆီး၊ သော့ခတ်ဖို့ ကြိုးစားနေတုန်း... အချင်းချင်းသိုက်ကွဲအောင် ကြံနေတုန်း…။ လူသားဝါဒကို မြဲမြံစွာကျင့်သုံးနေတဲ့ လူသားစိတ်ရင်းခံဖြင့် ကမ္ဘာကြီးကို ဝင်းလက်စေချင်သူတွေလည်း အသင်ရှင်နေဆဲပါပဲဗျာ။ သန်းခေါင်ယံချိန်ပဲ ဖြစ်ပါစေ၊ လူတွေက အိပ်ဖို့ပြင်ဆင်နေတုန်း သူတို့ရဲ့ မဟာလူသားဝါဒခံ စိတ်နှလုံးတွေက မအိပ်စက်ရှာဘူး။ သာသနာ့ပျိုးပင် သင်္ကန်းနီနဲ့ ရဟန်းတော်တွေ၊ တပည့်တော်တွေ၊ အမှန်တရားပေါ် ရုန်းကန်လှုပ်ရှားသူတွေက မှောင်မည်းနေတဲ့ညကို နှင်းဆီဖြူကိုင်နေတဲ့လက်တွေနဲ့ လင်းဝင်းစေခဲ့တယ်။ ထိတ်လန့်ချောက်ချားနေတဲ့ သူတွေရဲ့ စိတ်နှလုံးအေးစေရာ ဖြေဆေးဖြစ်စေခဲ့တယ်။ 'နေဝင်တော့မယ် 'လို့ ကိုယ်စီကိုယ်စီ မျက်နှာညှိုးငယ်စွာနဲ့ ကိုယ့်အိမ်ကိုယ်ဝင်၊ ခိုရာမဲ့နေတုန်း။ နိုင်ငံတော်ကို ခြေလေးခုသဖွယ် မလဲမလျှော့အောင် ကာကွယ်နေတဲ့ လူသားဓာတ်ခံ ဓမ္မဝါဒီတွေက နှင်းဆီဖွေးဖွေးနဲ့ လက်ဆင့်ကမ်းမှုတွေ၊ အမုန်းတရားဟာ ငြိမ်းချမ်းမှုရဲ့ ရန်သူဖြစ်ကြောင်း သက်သေပြမှုတွေက နိုင်ငံတစ်ဝန်း ပျံ့နှံ့သွားပြီး နိုင်ငံတော်ရဲ့သား၊ သမီးတွေရဲ့ ရင်ခွင်ထဲမှာ ချစ်ခင်မှု၊ သဟဇာတဖြစ်မှုတွေနဲ့ လင်းဝင်းသွားလို့။ အဓမ္မဝါဒီ ...