မောင်စစ်သည်
ရေးဖွဲ့သူ- ဃာဇီ
လှပသာယာ ရွှေပြည်သာ၊ရဲရင့်လူသား မွေးထုတ်ထားသစ္စာလည်းရှိ အမျိုးပေါ်၊တာဝန်လည်းသိ တိုင်းပြည်၏ဖွံ့ ဖွံ့ထွားထွား ကိုယ်ခန္ဓာ၊လုံ့လကလည်း ကျားပမာ၊ခွန်အားဗလ ဆင်ပြောင်ပါ့။
အမျိုးနာလျှင် သူမခံရရာနည်းနှင့် ဖေးကူမှန် လိုရာအကူ တောင်းခံလျှင်သွေးချွေးစွန့်၍ ဆောင်တတ်၏။အမျိုးဂုဏ်ကို မြင့်တင်ဖို့ဇွဲလုံ့လနှင့် ရှေ့ချီတက်၏။
သာသနာကို ဘေးဖယ်မထားကိုယ့်ပါစိတ်ပါ ယုံကြည်ထားအလ္လာဟ်အမိန့်တော်ဟူသမျှချိန်မီနည်းမှန် ကျေပွန်၏။ သာသနာ့ရောင် မမည်းအောင်နေရာတကာ အားထုတ်၏။
မွေးသမိခင် မြတ်ဖခင်ကျွေးမွေးပြုစု ဦးထိပ်ထားမိဘမိန့်ရာ ခွန်းတော်သာအစဉ်ထာဝရ ပထမညီငယ်မောင်အား ချစ်ခင်ရာမိဘကဲ့သို့ စောင့်ရှောက်၏။
စီးပွားရေးမှာ ကိုယ့်စွမ်းအားမသာမာမှုကို မြဲရှုတ်ချရောင်းဝယ်၊ လယ်ယာ လုပ်ကိုင်ကာတရားသောနည်းနှင့် ...