အလွမ်းမ ပြေ ကျောင်းနေရွယ်
ရေးဖွဲ့သူ- ဇာဟီးဒူလ္လာ (ခ) မျိုးသွေး
ငယ်ငယ်တုန်းက ကျောင်းဌာနေကို တကြောက်ကြောက်နဲ့ ခရီးစ၍ တဖြည်းဖြည်းနဲ့ အပြုံးဝေလာ တစ်တန်းတည်းနေ သူငယ်ချင်းဖွဲ့ ထိုကာလပြုံး ပျော်မဆုံး မေ့ကုန်မရ ငယ်ဘဝ။
အစိမ်းနှင့်ဖြူ ဝတ်စုံတူနဲ့ အားလုံးတန်းစီ ကဗျာသီလို့ အနီးဝန်းကျင် သက်ရှိများပင် ငြိမ်ငြိမ်သက်သက် နားဆင်လေ၏။
ကျောင်းသားကျောင်းသူ အတူတူ ညီညာစုံရုံ ပညာသင်တုန်း ဆင်းရဲချမ်းသား မခွဲခြားဘဲ တန်းတူညီတူ ...