[Unicode]
အတ္တကို အရှုံးပေးနေသူများ
ရေးဖွဲ့သူ- ကျော်သူရ(ရှင်ပက္ခိ)
ပွင့်လင်းခေတ်ပေမယ့်လဲ သူတို့ခများ
လူစဉ်နဲ့ ဝေးလှပြီးဝေးလှဆဲ
ဘဝင်ကြီးထား သတ်ခြင်းဖြင့်မြူးလို့
ရောင်စုံကမ္ဘာကို နားမလည်တဲ့
အို...အတ္တကို အရှုံးပေးနေသူများ။
အပြစ်ကင်းစင် ကလေးတစ်မည်
စွမ်းဆောင်ချို့တဲ့ ဇရာအိုမကျန်
ရက်စက်ကြမ်းကြုတ် သုတ်သင်ကြံ
သိုက်ဖျက်သိန်းချီ မုန်တိုင်းကြမ်းပမာ
အို...အတ္တကို အရှုံးပေးနေသူများ။
နုပျိုလန်းဆန်း ပန်းဖူးထောင်ချီ
ပွင့်ပြီးသီးဆွဲ အခိုင်သောင်းချီ
ကောက်မရအောင် ကြေမွဖျက်ဆီး
တဏှာရူးပြီး မွေ့လျော်တတ်တဲ့
အို...အတ္တကို အရှုံးပေးနေသူများ။
ပညာမြစ်နှုတ် နေလှန်းခြောက်စေ
အမိုးမလုံ အကာမခြုံ ထောင်နဲ့တူတဲ့
ဟိုတစ်နေရာမှာ ထောင်းဖိသတ်နေ
လူစိတ်မရှိပဲ လူမျိုးကြီးဝါဒရှင်တွေ
အို...အတ္တကို အရှုံးပေးနေသူများ။
ဟိုတစ်တွေထက်ညံ့တဲ့ မင်းတို့စိတ်နေ
ယနေ့ထက်ထိ သူ့အခွင့်အရေးဖျက်ကာ
ဒန်းစီးလေညင်းခံနေတာ မင်းတို့လေ
လူဖြစ်ကျိုးမနပ်ပဲ ဘဝသာပြောင်းနိုင်
အို....အတ္တကို အရှုံးပေးနေသူများ။
[Zawgyi]
ရောင်စုံကမ္ဘာကို ...