The Blog

To poets and readers,

First of all, the Art Garden Rohingya would like to provide a humble thank to all poets and readers. It’s incredible the way our webpage has been moving smoothly.

Today, the Art Garden Rohingya stands as the proud community art webpage for Rohingya. Now, we have dozens of wonderful poets and thousands of encouraging readers. We all show that Rohingya can write their own stories and express their own feelings and emotions. That’s how the community makes it.

The Art Garden Rohingya has some great concerns to let both poets and readers know. The editors we have are limited. They are those who have been paying time and effort voluntary for community causes. It is our heartfelt gratitude to all editors for providing free services for our community webpage. We cordially expect your editorial hands continuous. And we encourage our ardent poets to write more and more. Please let us read continuously how your hearts beat for your life, people, country and world.

  • If you are interested to send a poem, please submit it at theartgardenrohingyaeditors@gmail.com.
  • Poems posted through Visitor Post are not considered for Top-10 selection.
  • Poems sent through messenger are not considered.
  • Poems sent with PDF, image or screenshot are not considered.
  • If you submit a poem, please be patient for a week. If the Editorial Team doesn’t reply you within a week, please do think yourself that the poem is not eligible in terms and conditions.

Again, the Art Garden Rohingya is thankful of all poets and readers.

Respectfully,

Admin Team  
The Art Garden Rohingya
12-04-2019

—————–@@@@@@@@@@@@————–

ကလောင်ရှင်များ နှင့် စာဖတ်ပရိတ်သတ်များသို့

The Art Garden Rohingya သို့ ကဗျာစာမူ ပေးပို့လာသော ကလောင်ရှင်များနှင့် ဝိုင်းရံ အားပေးနေသော စာဖတ် ပရိတ်သတ်တို့အား အထူး ကျေးဇူးတင်ရှိပါသည်။ ကျွန်ုပ်တို့ The Art Garden Rohingya-Page သည် အောင်မြင် ချောမောစွာ ခရီး ရှေ့ဆက်နေခြင်းမှာ အလွန် ဂုဏ်ယူဝံ့ကြွားစရာပင် ဖြစ်သည်။

The Art Garden Rohingya သည် ယနေ့ ရိုဟင်ဂျာ အမျိုးသားစာပေအနုပညာ Page တစ်ခုအဖြစ် ဂုဏ်ယူစွာ ရပ်တည်နေသည်။ ယခု ကျွန်ုပ်တို့မှာ ဒါဇင်နှင့်ချီသော လက်ရာမြောက် ကလောင်ရှင်များ၊ ထောက်ခံအားပေးနေသည့် စာဖတ်ပရိတ်သတ် အမြောက်အများ ရရှိနေပါပြီ။ ရိုဟင်ဂျာတို့က မိမိတို့၏ ခံစားချက်များ၊ ခံယူချက်များကို မိမိတို့ကိုယ်တိုင် ရင်ဖွင့်ရေးသား ဖော်ထုတ်နိုင်ကြောင်းကို ကျွန်ုပ်တို့အားလုံးက သက်သေ ပြနေခြင်းပင်တည်း။

ကျွန်ုပ်တို့၏ အမျိုးသားရေး ကောင်းကျိုးအတွက် ဆောင်ရွက်နေသော အယ်ဒီတာတို့သည် ကိုယ့်ကျိုးမဲ့ စေတနာ အလျောက် အချိန်ပေး လုပ်ပေးနေခြင်း ဖြစ်ပေသည်။ ဤသည်မှာ အယ်ဒီတာတို့၏ မွန်မြတ်သော စိတ်ကောင်း၊ စေတနာပင်ဖြစ်သည်။ ကျွန်ုပ်တို့မှာ အယ်ဒီတာတို့လည်း အကန့်အသတ်နှင့်သာ ရှိပါသည်။ ထိုသို့ စေတနာဖြင့် ကိုယ်ကျိုးမဲ့ အချိန်ပေးနေသော အယ်ဒီတာတို့အားလည်း စိတ်တွင်းနက်မှ အထူးကျေးဇူးတင်ရှိပါ သည်။ ကျွန်ုပ်တို့သည် The Art Garden Rohingya Page ဆက်လက်ပြီး ချောချောမောမော ခရီးရှေ့ဆက်နိုင်ရန် မျှော်လင့်နေပါသည်။ ထို့အတူ ကလောင်ရှင်များကလည်း မိမိလူမျိုး၊ မိမိတိုင်းပြည်၊ မိမိဘဝ စသည်တို့အတွက် ခံစားနေသည့် ရင်ခုန်သံများကို The Art Garden Rohingya သို့ အချိန်အခါမရွေး ရေးသားပြီး ပရိသတ်များအား ဖတ်ရှုခွင့်ပေးပါရန် တိုက်တွန်းချင်ပါသည်။

The Art Garden Rohingya သည် ကလောင်ရှင်များနှင့် စာဖတ်ပရိတ်သတ်များထံသို့ Page ၏ စည်းမျဉ်း၊ စည်းကမ်းအချို့ကို ထပ်မံ အသိပေးတင်ပြလိုပါသည်။

  • The Art Garden Rohingya သို့ စာမူများ ပေးပို့လိုသည်ဖြစ်စေ၊ ဝေဖန်အကြံပေးလိုသည် ဖြစ်စေ သတ်မှတ်ထားသော လိပ်စာနှင့်သာ ဆက်သွယ်ပါ။ (အခြားနေရာမှ ပေးပို့သော စာကို စဉ်းစားမည် မဟုတ်။) theartgardenrohingyaeditors@gmail.com.
  • The Art Garden Rohingya-page ၏ Visitor post မှ တင်လာသော ကဗျာများကို လစဉ် Top-10 ရွေးချယ်ရာ တွင် ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။
  • Messenger မှတဆင့် ပို့ပေးသော ကဗျာ သို့မဟုတ် အခြားစာမူများကို လုံးဝ လက်ခံမည် မဟုတ်ပါ။
  • PDF ဖိုင်၊ ဓာတ်ပုံ၊ Screenshot နှင့် ပို့သော စာမူများကိုလည်း လက်ခံမည် မဟုတ်ပါ။
  • ကဗျာ ပို့ထားသော ကလောင်ရှင်များသည် အနည်းဆုံး (၇) ရက် တစ်ပတ်အထိ သည်းခံစွာ စောင့်ဆိုင်းရမည်။ တစ်ပတ်ကြာပြီးသော် ကဗျာ မပါလာပါက ယင်းကဗျာသည် ကဗျာအင်္ဂါရပ်နှင့် ပြည့်စုံခြင်းမရှိသဖြင့် ပယ်စာရင်းဝင်သွားသည်ဟုသာ မိမိကိုယ့်ကိုယ် မှတ်ယူရမည်။

The Art Garden Rohingya မှ ကလောင်ရှင်များနှင့် စာဖတ်ပရိတ်သတ်တို့အား အထူးကျေးဇူး တင်ရှိပါကြောင်း ထပ်မံ တင်ပြအပ်ပါ သည်။

ကြီးကြပ်ရေးအဖွဲ့
The Art Garden Rohingya
12-4-2019

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website