Abdul Karim Khondkar, whos forefathers were engaged in state services of Roshang
By Dr. Abdul Karim
The poet Abdul Karim Khondkar was born in Arakan, and his forefathers were engaged in state services of Roshang. The ...
Articles posted by AGR
Oct 2020
Ocántir Doriya
Lekóiya : Shukkur Khan
@ Ro Maung Nyan Tun
Bái yé bai yé mará mári
Kuóme kuóme o-bonti
Fotti rohingyar vukot ocánti
Añará monot nóraki, acci hónti
Háre buzáitám e zalani
Allahr tún baáde módot sáiyúm harti
Dínor tú díne ocánti ...
The Art Garden Rohingya Interview (Burmese)
"Benazir Salim (Zoe Blossom)" ဆိုသူ ကဗျာဆရာမ မဇင်မာဝင်း နှင့် The Art Garden Rohingya အင်တာဗျူး
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၀) ရက်။
The Art Garden Rohingya သည် လူမှုအခြေပြု စာပေအနုပညာ website ဖြစ်ပါသည်။ ကျွန်ုပ်တို့ The Art Garden ...
Editoror Fosón Uttom Rohingya Khavita (5)wa.
Septémbor |2020
Burá-búrir Hotá
Lekoiya- Lalmoti Khan @ SFI
Zettór Murá óibo óuk
Four tole...
Zettór Hál óibo óuk
Nour tole...
Zettór Manuíc óibi óuk
Meçit tole...
-Rohingya Old Poetry
Burmese Translation
-------------------------
တောင်ဘယ်လောက်ပင် ကြီးမြင့်သည်ဖြစ်စေ...
ခြေဖဝါး အောက်တွင်သာ ဖြစ်ရတယ်။
မြစ်ဘယ်လောက်ပင် ကြီးကျယ်သည်ဖြစ်စေ...
သင်္ဘောအောက်တွင်သာ ဖြစ်ရတယ်။
လူဘယ်လောက်ပင် အဆင့်အတန်းကြီးသည်ဖြစ်စေ...
မြေအောက်တွင်သာ သွားရတယ်။
English ...
မြအယ်ဒီတာ အကြိုက် အကောင်းဆုံး ကဗျာ ( ၅ )ပုဒ်
စက်တင်ဘာ ၊ ၂၀၂၀
တို့ဘဝ
ရေးဖွဲ့သူ - မင်းဝန်ဇော်
၁။ မွေးတော့ တူတူ
လူသားဟူ
စာရင်းမ၀င် ဒီဇမ္ဗူ။
၂။ ဆေးရုံ၊ဆေးခန်း ခေါ်သွားမူ
ပစ်ဖယ်ခံရ တောင်းစားသူ။
၃။ အရွယ်ရောက်လာ ကျောင်းသွားမူ
ခွဲခြားဆက်ဆံ တမူထူး။
၄။။ ဒုက္ခမျိုးစုံ ခံကာဆုံး
ဆွတ်ခူးမှတ်ပေါင်း ဂုဏ်ထူးစုံ
သို့ပါသော်လည်း မျိုးမစုံ
နှိမ်ကာ ဖယ်ထုတ် ဂုဏ်ထူးပုဒ်။
၅။ တရားရုံးအပါ ရုံးပေါင်းစုံဟာ
တို့အတွက်တော့ အသပြာဖြုန်းရာ။
၆။ ဖြုန်းတဲ့အသပြာ ရှာဆပ်ရုန်း
ကျော့ကုန်းလောင်ကာ ဘ၀ဆုံး။
၇။။ ငါတို့ဘ၀ နမူနာယူ
ရာသီပျံလွှား ...
Editors’ Choice Top 5 English Poems
September 2020
I Carry You
By Maroon Moon
One word it takes to build me,
One smile it takes to look deep into you,
One stutter makes you come along to embrace me,
One frown ...
Sep 2020
[Unicode]
The Art Garden Rohingya Interview
"ရိုဟင်ဂျာတွေရဲ့ ရင်တွင်းခံစားချက်တွေ ကမ္ဘာသူကမ္ဘာသားသိနိုင်အောင်၊ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်း ပြုပြင်ပြောင်းလဲမှု ဘက်ကိုအာရုံစိုက်လာအောင် ကဗျာရေးနေတာပါ" ဆိုသူ လူငယ်ကဗျာဆရာ ငြိမ်းချမ်းနဂျမ်း (ရိုခရီးသည်) နှင့် The Art Garden Rohingya အင်တာဗျူး
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၅) ရက်။
The Art Garden Rohingya သည် လူမှုအခြေပြု စာပေအနုပညာ website ဖြစ်ပါသည်။ ကျွန်ုပ်တို့ ...
The Art Garden Rohingya Interview With the poet Mohammad Erfun Amin
September 19, 2020
The Art Garden Rohingya is the first Rohingya community poetry and art platform. We publish poetry and other forms of artworks in ...
[Unicode]
အသင့်မဖြစ်ဘဲနဲ့
ရေးဖွဲ့သူ - မေယုအာလီ
အသင့်မဖြစ်ဘဲနဲ့
ခွဲခြားဆက်ဆံမှုကိုလည်း ဖြတ်သန်းခဲ့တယ်။
အသင့်မဖြစ်ဘဲနဲ့
အမုန်းတရားကိုလည်း ဖြတ်သန်းခဲ့တယ်။
အသင့်မဖြစ်ဘဲနဲ့
ဂျီနိုဆိုက်ကိုလည်း ဖြတ်သန်းခဲ့တယ်။
အသင့်မဖြစ်ဘဲနဲ့
တိုင်းပြည်က နှင်ထုတ်ခြင်းကိုလည်း ဖြတ်သန်းခဲ့တယ်။
အသင့်မဖြစ်ဘဲနဲ့
ဒုက္ခသည်ဘဝကိုလည်း ဖြတ်သန်းနေတယ်။
အသင့်မဖြစ်ဘဲနဲ့
ဆိုင်ကလုံးတွေကိုလည်း ဖြတ်သန်းနေတယ်။
အခုတော့...
အခုတော့...
အသင့်မဖြစ်ဘဲနဲ့
ကိုဗစ်ကိုတောင် ဖြတ်သန်းနေပြီ။
နောက်ထပ် ဘာများလဲ…
ဘာတွေ ဖြတ်သန်းရဦးမှာလဲ…
တတိယ ကမ္ဘာစစ်ကြီးလား။
ဒါမှမဟုတ် ကမ္ဘာပျက်ကပ်လား။
ဘာပဲဖြစ်ဖြစ် ဆက်လက် ဖြတ်သန်းနေခဲ့မယ်
လွတ်မြောက်ခြင်းဆိုတဲ့ မနက်ခင်း မတိုင်ခင်ပေါ့
အသင့်မဖြစ်ဘဲနဲ့လေ။
[Zawgyi]
အသင့်မဖြစ်ဘဲနဲ့
ရေးဖွဲ့သူ - မေယုအာလီ
အသင့်မဖြစ်ဘဲနဲ့
အသင့်မဖြစ်ဘဲနဲ့
အသင့်မဖြစ်ဘဲနဲ့
အသင့်မဖြစ်ဘဲနဲ့
အသင့်မဖြစ်ဘဲနဲ့
အသင့်မဖြစ်ဘဲနဲ့
အခုတော့...
အခုတော့...
အသင့်မဖြစ်ဘဲနဲ့
နောက်ထပ် ဘာများလဲ…
တတိယ ကမ္ဘာစစ်ကြီးလား။
ဘာပဲဖြစ်ဖြစ် ဆက်လက် ...
[Unicode]
အတ္တကို အရှုံးပေးနေသူများ
ရေးဖွဲ့သူ- ကျော်သူရ(ရှင်ပက္ခိ)
ပွင့်လင်းခေတ်ပေမယ့်လဲ သူတို့ခများ
လူစဉ်နဲ့ ဝေးလှပြီးဝေးလှဆဲ
ဘဝင်ကြီးထား သတ်ခြင်းဖြင့်မြူးလို့
ရောင်စုံကမ္ဘာကို နားမလည်တဲ့
အို...အတ္တကို အရှုံးပေးနေသူများ။
အပြစ်ကင်းစင် ကလေးတစ်မည်
စွမ်းဆောင်ချို့တဲ့ ဇရာအိုမကျန်
ရက်စက်ကြမ်းကြုတ် သုတ်သင်ကြံ
သိုက်ဖျက်သိန်းချီ မုန်တိုင်းကြမ်းပမာ
အို...အတ္တကို အရှုံးပေးနေသူများ။
နုပျိုလန်းဆန်း ပန်းဖူးထောင်ချီ
ပွင့်ပြီးသီးဆွဲ အခိုင်သောင်းချီ
ကောက်မရအောင် ကြေမွဖျက်ဆီး
တဏှာရူးပြီး မွေ့လျော်တတ်တဲ့
အို...အတ္တကို အရှုံးပေးနေသူများ။
ပညာမြစ်နှုတ် နေလှန်းခြောက်စေ
အမိုးမလုံ အကာမခြုံ ထောင်နဲ့တူတဲ့
ဟိုတစ်နေရာမှာ ထောင်းဖိသတ်နေ
လူစိတ်မရှိပဲ လူမျိုးကြီးဝါဒရှင်တွေ
အို...အတ္တကို အရှုံးပေးနေသူများ။
ဟိုတစ်တွေထက်ညံ့တဲ့ မင်းတို့စိတ်နေ
ယနေ့ထက်ထိ သူ့အခွင့်အရေးဖျက်ကာ
ဒန်းစီးလေညင်းခံနေတာ မင်းတို့လေ
လူဖြစ်ကျိုးမနပ်ပဲ ဘဝသာပြောင်းနိုင်
အို....အတ္တကို အရှုံးပေးနေသူများ။
[Zawgyi]
ရောင်စုံကမ္ဘာကို ...
Aug 2020
8Releasing Our First Anniversary Magazine
The Art Garden Rohingya is the first Rohingya community poetry and art platform. We publish poetry and other forms of artworks in print, online website and social media and ...
Jun 2020
ဖြူ စိမ်းဝတ်စုံ
ရေးဖွဲ့သူ- Qurshid Alam@ Maung Maung Tin
ဖြူစင်တဲ့နို့ရည်နဲ့
စိမ်းလန်းတဲ့သစ်ရွက်ပမာ
ဖြူဖွေးဖွေးအင်္ကျီ
စိမ်းတိမ်းတိမ်းဘောင်းဘီက
ကျောင်းဝတ်စုံပါ။
ဘာမသိ အရွယ်ကပင်၊
အလင်းထုံသည့်ဘဝသို့၊
ယူဆောင်သွားသည့်
ယူနီဖောင်းက
ကျောင်းဝတ်စုံပါ။
စိမ်းဖြူစုံဝတ်ချိန်တိုင်း
လူအိုလူငယ်၊ လူဆိုးလူယုတ်တို့၏
ခင်မင်လေးစား၊ နှစ်သက်ခံရတဲ့
ကျောင်းဝတ်စုံပါ။
ကျီးကန်းအုပ်မှာဗျိုင်းတစ်ကောင်
အဝေးကမြင်နိုင်သလို၊
ဒေါင်းအုပ်ထဲမှာကျီးတစ်ကောင်
အယောင်မဆောင်နိုင်သလို၊
လူထုထဲမှာကျောင်းသားဟု
ရွေးထုတ်နိုင်သည်က
ကျောင်းဝတ်စုံပါ။
ဖက်ရှင်ဝတ်စုံ၊ ရိုးရာဝတ်စုံ၊
အမျိုးသားဝတ်စုံ၊ ရှေးဟောင်းဝတ်စုံ
ဝတ်စုံတကာထဲ အလှဆုံးနဲ့
အကျိုးနပ်ဆုံး ဝတ်စုံကား
ကျောင်းဝတ်စုံတဲ့။
(15-06-2020)
ဘ၀ဒဿန
၁။ နိဗ္ဗာန်မမြင်
ငရဲမသိ
သံသရာမလျှောက်
ငါလူသား ဒီကမ္ဘာရောက်။
၂။ လေ့လာသမိုင်း
ပထ၀ီပိုင်းနဲ့
ဒဿနမျိုးစုံ
အယူပေါင်းနဲ့
ကြုံကာ ငါလူသား
ရူးပြန်အား။
၃။ စီးပွားချမ်းသာ
အာဏာဗလနဲ့
မျက်စိနီမြန်း
ဘာမထီဘဲ
လျှောက်လှမ်း ကမ္ဘာ
ငါက ငါတည်း။
၎။ ချမ်းသာသုခ
ငါခွဲမမြင်
ချမ်းသာတခါ
ဆင်းရဲတလေ့
ပြန်တလဲလဲနဲ့
ကုန်ခဲ့သည်ကား
ငါ့ဘ၀။
၅။ ပဉ္စခန္ဓာ
ဓါတ်မမျှတော့
ချင်းချင်းကွဲကွာ
ဇာတိပြ၏။
၆။ လဲလျောင်းမြေသား
မြေပေါ်မှာ
မြေသည်အဘ
မြေသည်အမိ
အမှီပြု၍
နိဂုံးချုပ်ခဲ့
သုဿန်မယ်။
(15-06-2020)
"အချစ်ဒဏ္ဍာရီ"
ရေးဖွဲ့သူ- Mohammad Erfun Amin
အချစ်သည်
ဖြောင့်မှန်လျှင် မွှေးကြိုင်တယ်
အချစ်သည်
ဟန်ဆောင်လျှင် မှိုစော်နံတယ်
အချစ်သည်
အတ္တဆန်လျှင် ခေတ္တခံတယ်
အချစ်သည်
သစ္စာကင်းလျှင် ဖောက်ပြန်တယ်
အချစ်သည်
ငွေနဲ့နွယ်လျှင် အောက်သို့ဆင်းတယ်
အချစ်သည်
မိဘနဲ့နွယ်လျှင် နိဗ္ဗာန်ရောက်တယ်
အချစ်သည်
အန္တိမ မှန်လျှင် တာရှည်ခံတယ်
(15-06-2020)
Heal The World
By Heydayet Ullah Heydayet Khan
Heal the world,
by saving your life,
your family,
your community,
your country,
and your world.
Is not cure better than prevention?
To save the world,
shall not we take precautions?
Heal the world,
by following social awareness
and ...
Cry from IDP Camp
By Zahedul Haque
My right to birth - threatened
My right to childhood - deprived
My right to freedom - discriminated
My right to identity - unrecognized
My right to practice religion - banned
My right to ...
RECITE MY NAME WITH THE BEAUTIFUL NAME
People call me with a racist name.
I recite their name in a beautiful theme.
People shame me with my colour of skin.
I recite its indifference in a beautiful grin.
People ...
စစ်တလင်းက သစ်ပင်ကြီး
ရေးဖွဲ့သူ- Dialogue Partner & Lalmoti Khan
သီးချိုကြိုင်မွှေး ပွင့်လန်းဆင်၍
ငြိမ်းအေးသာယာ ရိပ်ကြီးကြီးနှင့်
ခိုနားသူမခြား ရင်အေးစေသည့်
စစ်မြေပြင်က သစ်ပင်ကြီးသည်
ငါ့မေတ္တာနှင့် ဆင်တူယိုးမှား
တူလွန်းလှပေ၏။
ဘာသာပေါင်းစုံ လူမျိုးစုံနှင့်
မကွဲမခြား မိုးဒဏ်ပူဒဏ်
မျှမျှတတ ထီးလိုအုပ်၍
ကာကွယ်ပေးသည့်
စစ်မြေပြင်က ထိုသစ်ပင်ကြီးသည်
ငါ့ဝါဒကို ကြွင်းမကျန်အောင်
ဖော်ပေးနေပေ၏။
အသီးအရွက် အကိုင်းအလက်
ခူးဆွတ်ခုတ်ဖြတ် ခံရသော်လည်း
သစ္စာစောင့်တဲ့ ကုလားအုတ်နှယ်
နာခံလိုက်လျော
စစ်တလင်းက ထိုသစ်ပင်ကြီးသည်
ငါ့သည်းခံခွင့်လွှတ်စိတ်ကို ထပ်တူပြု၍
ဖော်ကျူးနေပေ၏။
ထက်မြလွန်တောက် လွှသွားကောက်နှင့်
ပင်စည်မြေထိ အသေဖြတ်ချိန်
နာကျင်ဝေဒနာ ပြင်းခံစားသည့်
စစ်တလင်းက ထိုသစ်ပင်ကြီးသည်
ကျည်ဆံထိမှန် သတ်ဖြတ်ခံရချိန်ဝယ်
ခံစားရသည့်
ငါ့မျိုးတို့၏ နာကျင်ဆင်းရဲမှုကို
ရောင်ဟပ်နေပေ၏။
(13-6-2020)
ရဲတပ်သားဆီက စီးကရက် မီးခိုးငွေ့တွေ
ရေးဖွဲ့သူ - မောင်ဆောင်းခ
စီးကရက်ခဲရင် Back Camera နဲ့
ဗီဒီယိုလေး ရိုက်ထားတယ်။
ကျွန်တော်တို့ ဂုဏ်သိက္ခာက ဒီလိုပါ
ကျွန်တော်တို့ မေတ္တာတရားက ဒီလိုပါ
ကျွန်တော်တို့ လူ့အခွင့်အရေးက ဒီလိုပါ။
မှိုင်းမိထားတဲ့ စောက်တလွဲ အငြိုးအတေး။
'မော်မကြည့်နဲ့၊ စော်ရှိရင် စားမယ်။
ကုလားကို သတ်တာ ဘုရားလို မြတ်တယ်။
ရိုက်သတ်ပစ်။ မအေ -ိုး တွေ'
သူတို့ရဲ့ အတွေးဟာ အဏုမြူဗုံးထက်
အဆတစ်ရာ ကြောက်ဖို့ ကောင်းတယ်။
သတင်းထုတ်ဖာရေး အဖွဲ့ဟာ
လွတ်သွားတဲ့ အောက်စကို (မဲပြာပုဆိုးနဲ့)
ကပျာကယာ လှမ်းအုပ်လိုက်တယ်။
မောင်းတောက ...
သုံးရောင်
ရေးဖွဲ့သူ- ရိုမရုန်(န)
အဖြူရောင်နံရံ လေးဖက်ထဲ
တစ်မျိုးကရဲရဲတောက် အနီရောင်
တစ်မျိုးက နှစ်ရောင်စပ်
နောက်တစ်မျိုးက အမည်တပ်ခွင့်မရှိတဲ့အရောင်
နံရံလေးဖက်ထဲ ရက်တွေကြာလာတော့
အရောင်သုံးရောင် ရင်းနှီးလို့
တကယ့် မိသားစုရင်းသဖွယ်
တစ်ရောင်နဲ့ တစ်ရောင်ဖေးမကြ
ကူညီကြ၊ အားပေးကြနဲ့
ယုံကြည်မှုခြားတာကို အတွေးထဲကပျောက်လို့ အတွေးထဲတစ်ခုပဲကျန်တယ်
ငါတို့ဟာ တူညီတဲ့အရောင်
ငါတို့ဟာ ဂုဏ်နဲ့ပြောင်နဲ့
ငါတို့ဟာ လောကတန်ဆာပါပဲ။
အပေါ်ယံအရောင်ခွဲတွေနဲ့
မိရိုးဖလာကိုးကွယ်မှုကိုအစွဲပြုလို့
တစ်ရောင်ကိုတစ်ရောင်
နားလည်မှုလွဲကာမျက်စောင်းခဲကြ
တောကြောင်တွေ လက်ခမောင်းခတ်လို့
ပွဲတော်ကြီးဆင်နွဲကာ
ရိုးသားတဲ့အရောင်တွေ ဘဝတွေရင်းရတယ်
ကျယ်ပြန့်ဝန်း ပုပ်ဟောင်းနံနေတဲ့
ဒီအစွဲတွေ မျက်စိတစ်ဆုံး
ဘယ်လောက်ထိ ထပ်စောင့်ကြည့်ရမယ်
ဖြစ်နိုင်ရင် ဒီသုံးရောင်တည်း
ကမ္ဘာတည်လို့ ငါအေးချမ်းချင်လှပြီ။
(၁၀-၀၆-၂၀၂၀)
Editorial Team
None Is Eternal
By Ro Yassin Abdumonab
No use to ask how,
No use to ask why.
Today, it is low ,
Tomorrow, it can be high.
The rapid may get slow,
Truth may change to lie.
Things do change,
Nothing remains the ...
My Time
Pacifist Hoque
Days pass without the wind of hope
just thinking how to live up
in a safer world, with all my rights.
Nights pass without a fall of slumber
as all dreadful distant memories
emerge in sleep as ...
ဘူမိနက်သန် ဤမြေပေါ်ဝယ်
ရေးဖွဲ့သူ - ငြိမ်းချမ်းနဂျမ်း (ရိုခရီးသည်)
-ဘူမိနက်သန် ဤမြေပေါ်ဝယ်
သူ့မျိုး၊ သူ့ဘာသာဟူ၍ မခွဲခြားဘဲ
တစ်ဥယျာဉ်တည်းရဲ့
အရောင်စုံအသွင်စုံပန်းတွေ
လက်တွဲကာ စီရရီ ပွင့်ခဲ့လို့။
ရနံ့ခြားအရောင်ခြား မခွဲခြား
တစ်ရေသောက်တစ်လေရှူ စည်းစည်းလုံးလုံးနဲ့
ထိုဥယျာဉ်ကို အလှဆောင်နေခဲ့...။
-ဘူမိနက်သန် ဤမြေပေါ်ဝယ်
လက်ရုံးရည်၊ နှလုံးရည်နဲ့
အသက်နဲ့ရင်းပြီးစောင့်စည်းခဲ့တဲ့
သဟဇာတရဲ့ အသီးအပွင့်ဖြစ်တဲ့
ထိုလောကနိဗ္ဗာန်ကို
သူ့ချမ်းသာမလိုလားတဲ့ သတ္တဝါတစ်စုက
ဖျက်ဆီးလိုဖျက်ဆီးရာ ကြံယုတ်မာကြောင့်
ပျက်စီးခဲ့ရလေပြီ။
ရှည်ကြာလှတဲ့နေ့တစ်နေ့ရဲ့ မဟာသူရိယပျောက်သွားရှာပြီ...။
-ဘူမိနက်သန် ဤမြေပေါ်ဝယ်
လူဆိုလို့မွေးလာပြီကတည်းက
ငါ့အနားမှာ ဝမ်းနည်းမှုလှိုင်းသရဲတွေပဲ
အမြဲချဉ်းကပ်လို့
သံမဏိလှောင်အိမ်ထဲက ငှက်လို
ဥပဒေဘောင်လှလှ ခတ်ထားတဲ့
ဤအမိုးပွင့် အကျဉ်းထောင်ထဲကငါ့မှာ
လူလူချင်း ဖိနှိပ်ခံလို့။
လူလုပ်တဲ့ ကပ်ဆိုက်မှုကြောင့်
လူစိတ်ကုန်လို့ တောရိုင်းသားလို
အတ္တရဲ့ အငွေ့ဆိုးနှောနေတဲ့ အောက်ဆီဂျင်က
ငါ့နှလုံးသားထဲ သောကအမာရွတ်တစ်ခုကိုပဲ
တစ်ဦးဦးက ပြုစုပျိုးထောင်ပေးနေသလို
တဖြည်းဖြည်း ရှင်သန်ကြီးထွားလို့သာ
ခိုင်ခိုင်မာမာ အမြစ်တွယ်စေခဲ့လေတယ်...။
-ဘူမိနက်သန် ဤမြေပေါ်ဝယ်
တစ်ချို့က ...
Mid-night Poem
By Jahangir Alom
Lying on the bed of death,
Every inch of me is sinking
In the ocean of your remembrance.
My heart is sick,
Tears run out in my eyes,
And I'm tired of writing sad poems.
I loved ...
A Boy With A Violin
By Mujibur Rahaman
I can create an arrow that makes tones
To shoot at you and fix your heart
Pain separates between as me too hurt
Making an affection in multi-hearted zones.
Nestlings on the ...
လှေစီးပြေး ဒုက္ခသည်
ရေးသားသူ - Shahida Win
မိစ္ဆာတွေ အုပ်ချုပ်
လူမဆန် ကြမ်းကြုတ်
အကြောင်းမဲ့ ဝရမ်းထုတ်
တွေ့သမျှ ဖမ်းချုပ်
သတ်ဖြတ် မျိုးဖြုတ်
အမိမြေမှ မောင်းထုတ်
ခံစားချက်တွေ ပေါက်ကွဲလို့
ကဗျာအဖြစ် အပြင်ထုတ်
လူမျိုးခြား ဘာသာခြား
မူဝါဒချ ဆက်ခွဲခြား
အဖိနှိပ်ခံဆုံး လူသား
ရိုဟင်ဂျာများ ဖြစ်လာ
အသက်ကို စွန့်စား
မရေရာတဲ့ လောင်းကစား
အမေတကွဲ သားတကွဲ
အမိမြေမှ သက်လုပြေး
ပင်လယ်ထဲ လချီ
သစ်သား လှေစီး
လမ်းမမြင် ကမ်းမမြင်
သမုဒ္ဒရာလယ် မျောရင်း
အအိပ်ပျက် အစားပျက်
မိန်းကလေးများ ဘဝပျက်
ရှင်သူရှင် သေသူသေ
ကမ်းကပ်ဖို့ ကြိုးစားနေ
ဆိုးဝါးလှတဲ့ ရိုဟင်ကံ
ဘယ်နိုင်ငံမှ အဝင်မခံ
နေရာတကာ အပယ်ခံ
အသံမဲ့ တို့အသံ
တိုင်တန်းနေ အရှင့်ထံ။
(၀၇-၀၆-၂၀၂၀)
Editorial ...