The Blog

အလွမ်းမပြေ ကျောင်းနေရွယ်

ရေးဖွဲ့သူ- ဇာဟီးဒူလ္လာ (ခ) မျိုး​သွေး

ငယ်​ငယ်​တုန်းက ကျောင်းဌာနေကို
တကြောက်ကြောက်​နဲ့ ခရီးစ၍
တဖြည်းဖြည်းနဲ့ အပြုံးဝေလာ
တစ်တန်းတည်း​နေ သူငယ်​ချင်းဖွဲ့
ထိုကာလပြုံး ပျော်မဆုံး
မေ့ကုန်မရ ငယ်ဘဝ။

 

အစိမ်းနှင့်​ဖြူ ​ဝတ်​စုံတူနဲ့
အားလုံးတန်းစီ ကဗျာသီလို့
အနီးဝန်းကျင် သက်ရှိများပင်
ငြိမ်​ငြိမ်သက်သက်​​ နားဆင်​လေ၏။

 

ကျောင်းသား​ကျောင်းသူ အတူတူ
ညီညာစုံရုံ ​ပညာသင်တုန်း
ဆင်းရဲချမ်းသား မခွဲခြားဘဲ
တန်းတူညီတူ ဆက်​ဆံခဲ့၏။

 

ကျောင်းပိတ်ချိန်ခါ နွေမိုးပမာ
ပင်​လယ်​​ပြင်မှာ ​ရေလျှံသလို
ကောင်းကင်​​ပေါ်မှာ မိုး​ရေကုန်​သို့
နှာ​ခေါင်းလည်းပိတ်​ ​အသံတိတ်
ခွဲခွာရမယ့် အတွေးခြောက်၍
နှုတ်​ဆက်​တာတောင်​ စကားသံမပါ
မျက်ရည်လည်၍ ငို​ကြွေးကြွေး
ထိုလွမ်းစိတ်ခြစ်ရာ ခုထိနာကျင်စေ၏။

 

တို့​စာသင်ကျောင်း တည်ရှိနေလည်း
ကျောင်းနေဘဝ၊ ကျောင်းနေငယ်​ချင်း
ပြန်​၍မရ ခေတ်လွန်သော်လည်း
ငယ်ဘဝအတွေး မှတ်​ဉာဏ်​ပြင်မှာ
ယနေ့အထိ ရှင်သန်နေ၏။

 

လွတ်လွတ်လပ်လပ် ပျော်ရွှင်​ခဲ့တဲ့
မေ့ရန်​ခက်​ခဲ ​​ကျောင်းသားဘဝ
လူအိုဖြစ်လည်း အလွမ်းမ​ပြေ
သေဆုံးချိန်ထိ လွမ်း​နေမည်တည်း။

……………………….*******************…………………………

Sn.Jan,B-28
(30-1-2020)
The Art Garden Rohingya

 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website