The Blog

မောင်စစ်သည်

ရေးဖွဲ့သူ- ဃာဇီ

လှပသာယာ ရွှေပြည်သာ၊
ရဲရင့်လူသား မွေးထုတ်ထား
သစ္စာလည်းရှိ အမျိုးပေါ်၊
တာဝန်လည်းသိ တိုင်းပြည်၏
ဖွံ့ ဖွံ့ထွားထွား ကိုယ်ခန္ဓာ၊
လုံ့လကလည်း ကျားပမာ၊
ခွန်အားဗလ ဆင်ပြောင်ပါ့။

အမျိုးနာလျှင် သူမခံ
ရရာနည်းနှင့် ဖေးကူမှန်
လိုရာအကူ တောင်းခံလျှင်
သွေးချွေးစွန့်၍ ဆောင်တတ်၏။
အမျိုးဂုဏ်ကို မြင့်တင်ဖို့
ဇွဲလုံ့လနှင့် ရှေ့ချီတက်၏။

သာသနာကို ဘေးဖယ်မထား
ကိုယ့်ပါစိတ်ပါ ယုံကြည်ထား
အလ္လာဟ်အမိန့်တော်ဟူသမျှ
ချိန်မီနည်းမှန် ကျေပွန်၏။
သာသနာ့ရောင် မမည်းအောင်
နေရာတကာ အားထုတ်၏။

မွေးသမိခင် မြတ်ဖခင်
ကျွေးမွေးပြုစု ဦးထိပ်ထား
မိဘမိန့်ရာ ခွန်းတော်သာ
အစဉ်ထာဝရ ပထမ
ညီငယ်မောင်အား ချစ်ခင်ရာ
မိဘကဲ့သို့ စောင့်ရှောက်၏။

စီးပွားရေးမှာ ကိုယ့်စွမ်းအား
မသာမာမှုကို မြဲရှုတ်ချ
ရောင်းဝယ်၊ လယ်ယာ လုပ်ကိုင်ကာ
တရားသောနည်းနှင့် သက်မွေး၏။
ကျင့်ဝတ်မှန်သမျှ ကျေပွန်တဲ့
သူရသားရွှေ မောင်စစ်သည်။

[Zawgyi] ေမာင္စစ္သည္

ေရးဖြဲ႕သူ- ဃာဇီ

လွပသာယာ ေ႐ႊျပည္သာ၊
ရဲရင့္လူသား ေမြးထုတ္ထား
သစၥာလည္းရိွ အမ်ဳိးေပၚ၊
တာဝန္လည္းသိ တိုင္းျပည္၏
ဖြံ႕ ဖြံ႕ထြားထြား ကိုယ္ခႏၶာ၊
လုံ႔လကလည္း က်ားပမာ၊
ခြန္အားဗလ ဆင္ေျပာင္ပါ့။

အမ်ဳိးနာလွ်င္ သူမခံ
ရရာနည္းႏွင့္ ေဖးကူမွန္
လိုရာအကူ ေတာင္းခံလွ်င္
ေသြးေခြၽးစြန္႔၍ ေဆာင္တတ္၏။
အမ်ဳိးဂုဏ္ကို ျမင့္တင္ဖို႔
ဇြဲလုံ႔လႏွင့္ ေရွ႕ခ်ီတက္၏။

သာသနာကို ေဘးဖယ္မထား
ကိုယ့္ပါစိတ္ပါ ယံုၾကည္ထား
အလႅာဟ္အမိန္႔ေတာ္ဟူသမွ်
ခ်ိန္မီနည္းမွန္ ေက်ပြန္၏။
သာသနာ့ေရာင္ မမည္းေအာင္
ေနရာတကာ အားထုတ္၏။

ေမြးသမိခင္ ျမတ္ဖခင္
ေကြၽးေမြးျပဳစု ဦးထိပ္ထား
မိဘမိန္႔ရာ ခြန္းေတာ္သာ
အစဥ္ထာဝရ ပထမ
ညီငယ္ေမာင္အား ခ်စ္ခင္ရာ
မိဘကဲ့သို႔ ေစာင့္ေရွာက္၏။

စီးပြားေရးမွာ ကိုယ့္စြမ္းအား
မသာမာမႈကို ၿမဲ႐ႈတ္ခ်
ေရာင္းဝယ္၊ လယ္ယာ လုပ္ကိုင္ကာ
တရားေသာနည္းႏွင့္ သက္ေမြး၏။
က်င့္ဝတ္မွန္သမွ် ေက်ပြန္တဲ့
သူရသားေရႊ ေမာင္စစ္သည္။

Sn- May,B-04
(6-5-2020)
The Art Garden Rohingya 
#StayAtHomeStaySafe 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website