The Blog

ဆန္ဒ

ရေးဖွဲ့သူ- ရိုမဟ်ရိုးဇ်

ဤညချမ်းလေးမှာ
မြစ်ဆုံပေါ်မှ
ဦးတည်ရာမဲ့
တလွင့်လွင့်ရွေ့
ထိုရွက်လှေရဲ့
ပဲ့ကိုင်ဖြစ်ခွင့်ပေးပါလော့။

ဤညမှောင်လေးမှာ
လမ်းလွဲသွားတဲ့
ထိုလူသားကို
လမ်းမှန်ညွှန်ဖို့
ဟိုးမိုးပေါ်မှ
ဓူဝံဖြစ်ခွင့်ပေးပါလော့။

ဤလေရူးထဲမှာ
နှိပ်ကွပ်မှုကို
ကြိတ်ခံနေပြီး
နှုတ်ပိတ်ထားရတဲ့
ထိုမေယုရဲ့
ရင်ခွဲအော်သံဖြစ်ခွင့်ပေးပါလော့။

Sn.Jan,B-29
(31-1-2020)
The Art Garden Rohingya 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website