The Blog

“အ ကွေ့”

ရေးဖွဲ့သူ – Arshard Husain @AR Husain

စိတ်ညှစ်တာတောင်
အ ကြောက်တရားနဲ့
ဖိအားနဲ့…

သက်ပြင်းတွေလဲ
မ ဖြောင့်တဲ့
ဘဝရဲ့ မျှဉ်းကွေးတွေမှာ
အလွဲအ ချော်
အတိမ်းအပါး
များလွန်းလှပါဘိ….

ချစ်ခြင်းတရားမှာလဲ
မကြင်နာ အမုန်းနဲ့
စာနာမှု ကင်းမဲ့စွာ
ယဉ်ကျေးမှုစုံမှ
ငြင်းပယ်ခြင်းနဲ့မကွာ
အဆိပ်သင့်လှပါဘိ…

ကျန်းမာရေးကြည့်သော်
မိုးမိခြင်း
ဖျားနာခြင်းနဲ့
အသက်လေးငွေ့ ငွေ့
ဖြေးဖြေးရှူ
နှေးနှေးရှူ

သြော် သံသရာ
ဒီတ ကွေ့ပါပဲ
သက်ပြင်းတွေတောင်
မ ဖြောင့်တော့။………။

……………………..***********………………………

Sn.Feb,B-03
(07-02-2020)
The Art Garden Rohingya 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website