The Blog

မြအယ်ဒီတာ အကြိုက် အကောင်းဆုံး ကဗျာ ( ၅ )ပုဒ် 

စက်တင်ဘာ ၊ ၂၀၂၀

 

တို့ဘဝ

ရေးဖွဲ့သူ – မင်းဝန်ဇော်

 

၁။ မွေးတော့ တူတူ
လူသားဟူ
စာရင်းမ၀င် ဒီဇမ္ဗူ။

၂။ ဆေးရုံ၊ဆေးခန်း ခေါ်သွားမူ
ပစ်ဖယ်ခံရ တောင်းစားသူ။

၃။ အရွယ်ရောက်လာ ကျောင်းသွားမူ
ခွဲခြားဆက်ဆံ တမူထူး။

၄။။ ဒုက္ခမျိုးစုံ ခံကာဆုံး
ဆွတ်ခူးမှတ်ပေါင်း ဂုဏ်ထူးစုံ
သို့ပါသော်လည်း မျိုးမစုံ
နှိမ်ကာ ဖယ်ထုတ် ဂုဏ်ထူးပုဒ်။

၅။ တရားရုံးအပါ ရုံးပေါင်းစုံဟာ
တို့အတွက်တော့ အသပြာဖြုန်းရာ။

၆။ ဖြုန်းတဲ့အသပြာ ရှာဆပ်ရုန်း
ကျော့ကုန်းလောင်ကာ ဘ၀ဆုံး။

၇။။ ငါတို့ဘ၀ နမူနာယူ
ရာသီပျံလွှား ငှက်နဲ့တူ။

၈။။ မတူရာအရပ်မှာ ပျော်ကာမြူး
ဇာတိချက်ခြွေ ပြောငြူစူ။

၉။ ပြန်လည်စဉ်စား ငါတို့ဘ၀
ပြောင်းပြန်လှန်ရန် ကြိုးစားကြ။

 

မွေးရပ်မြေ အာရ်ကန်ပြည်

ရေးဖွဲ့သူ- Mohammed AZass (ရိုမြေဖွား)

အကြောင်းကြောင့် ဝေးခဲ့ပေမဲ့
အလှမ်းဝေးလဲ စိတ်ထဲတစေ
အချိန်တိုင်း လွမ်းနေတဲ့
မွေးရပ်မြေ အာရ်ကန်ပြည်။

တွေးမိတိုင်း မျက်ရည်ကျတယ်
မှတ်မိတိုင်း စိတ်ပူဆာ
အချိန်တိုင်း သတိရတဲ့
မွေးရပ်မြေ အာရ်ကန်ပြည်။

တို့နိုင်ငံဟာ လုံခြုံမှုကင်းပေမဲ့
ဘိုးဖက်အမွေ ဂုဏ်ယူစေ
ကမ္ဘာ့မြေဝယ် အတုမဲ့
မွေးရပ်မြေ အာရ်ကန်ပြည် ။

 

ရီဖူဂျီနှင့်ငါ

ရေးဖွဲ့သူ- Austin Jani

 

အို…လောက…

ဤလောကဝယ် ငါ့ဘဝမှာ

ဒုက္ခတွင်းနက် ရှင်ခဲခက်

မိဘကမဲ့ ဆွေမျိုးလည်းခွဲ

ဇာတိလည်းဝေး အဖော်လည်းမဲ့

မချိဒုက္ခ ခံရမြဲလျက်သာ

ရီဖူဂျီဂုဏ်နှင့် ဖြတ်သန်းရ…။

နေဒဏ်မိုးဒဏ် တဟုန်းဟုန်းနှင့်

တဲအိမ်လေးမှာ ဖျာတစ်ကွက်စာ။

ရေကောင်းရေသန့် ဘေးမှာထား

လုံလုံမှန်မှန် သောက်ရေတောင်မရ

ရီဖူဂျီနှင့် ငါ့ဘဝ…။

သူတောင်းစားနှင့် ဆင်တူတူ

ဝမ်းရေးရိက္ခာ တစ်လုတ်ဖို့

အရှက်သိက္ခ ကင်းမဲ့စွာ

လက်ဖြန့်အိတ်ကိုင် တန်းစီရခြင်းက

နေ့တိုင်းလိုလို သေခြင်းပမာ

ရီဖူဂျီနှင့် ငါ့ဘဝ…။

ပညာသစ်ပင် ညှိုးခြောက်သွား

စိတ်ကူးပျိုးပင် ကာဗွန်ဒိုင်မဲ့

အသက်မွှန်းကြပ် သေအံဆဲဆဲ

မျှော်လင့်ချက် ရောင်ခြည်လဲ

နှင်းအုံ့မှိုင်းဆိုင်း ရောင်မထွန်းသည့်ပမာ

ရီဖူဂျီနှင့် ငါ့ဘဝ…။

အစစအရာရာ မရေမရာ

ကြုံရမြဲသာ ခံနေရ

သည်ရီဖူဂျီ ဘဝ

ငရဲပြည်နှင့် ဆင်တူတူဗျား။

အမေသည် အနှိုင်းမဲ့

ရေးဖွဲ့သူ – RF Kamal Hussein

လူ့လောကဝယ်၊ အမေနှိုင်းမဲ့

နေ့ညမပြတ်၊ စွန့်စားခဲ့ပြီး

တို့ဘဝကို၊ တိုးပွားမှ သူ။

တစ်ခါတစ်ရံ၊ ခရီးဝေး သွား

အမေ့နှလုံး၊ စူးကပ် သောက

ညချမ်းသန်းခေါင်၊ အိပ်စက် မပျော်

အရှင်သခင်၊ မြတ်ထံ ဆုတောင်း

စိန်မြပမာမျက်ရည်ဝဲ

စိတ်ဉာဏ်မငြိမ်သူပူဆွေး။

ငယ်ဘဝက၊အကျင့်စာရိတ္တ

သွန်သင်ဆုံးမခဲ့တဲ့၊ ဆရာ အမေ

အခါမလပ်၊ အခ ကင်းမဲ့

လုပ်ကျွေးဖူးတဲ့၊ သူလည်း အမေ

ဆေးဝါးရှားတုန်း၊ ဖန်တီး ရသူ

နာမကျန်းခိုက်၊ စေတနာ ရှိ

ကုသပေးသော၊ သူနာပြု သူ

နတ်ယောက်မလို၊ ချိုမြိန် ချိုမြိန်

သူ့လက် မနိုင်၊ ချက်ပြုတ် တတ်သူ

ဤလောကဝယ်၊ အမေ နှိုင်းမဲ့။

နေမင်းကြီးလို၊ တူပါသကွယ်

တာဝန်ကျေပွန်၊ ထူးကဲမှ သူ

လမင်း သဖွယ်၊ အိန္ဒြေ ရှိရှိ

သနားညှာတာ၊ ပြည့်ဝကြီးသူ

ကိုယ်ကျင့်တရား၊ စောင့်ထိန်းကြီးသူ

ဓူဝံကြယ်လား၊ တောက်ပ တောက်ပ

ဘဝတန်ဆာ၊ ပေးလျက် လှဆုံး

ဘဝ တံတိုင်း၊ သူရဲကောင်း သူ

လူ့လောကဝယ်၊ အမေ နှိုင်းမဲ့။

တည်းဖြတ်အဖွဲ့ စိတ်လန်း

ကျန်းမာပျော်ရွှင်ကြပါစေ။

 

အချိန်မီပြင်ကြလော့

ရေးဖွဲ့သူ – မောင်မောင်တင်(ရိုပုတ္တ)

လူ့ပြည်လောက၊ လူ့ဘဝမှာ
သူဟာယုတ်ကန်း၊ သူကရန်ဟု
ငါ့မှန်စရိုက်၊ ငါသာစစ်
ရန်ငြိုးထစ်ထူ ထိုသူမောင်ကို
ကိုယ့်ချစ်နှင့်ပြောင်း။

အကောင်းမြင်စိတ်၊ အယုံရိပ်နှင့်
ကိုယ့်ဇာတ်ခိုင်မာ၊ မာနအားကို
ပိတ်ကားချပြီ၊ ရမ္မက်ကြီးနှင့်
စည်းကမ်းသေဝပ် ဝီရိယဖြင့်၊
မြတ်မီးတိုင်ပင် ပညာရှင်ထံ၊
ကျိုးနွံ့တောင်းခံ သင်ယူအံ့လော့။

မိုက်ရူးမုန်းမှာ၊ ဖြုန်းတ‌ီးခြင်းသာ
အသားမည်းဖြူ၊ ဇာတ်မတူ
ညာသားမြို့သား ရွေးခွဲခြား
လုလင်ယောက်ျား အိုခေတ်နှောင်းသား
ကျွန်သခင်စိတ် ဘေးဖယ်ထား
ကိုယ့်ကျင့်ကိုပြင် ကိုယ့်မှားမြင်
ကြည်ဘဝင်နှင့် နစ်နာလောင်ခံ၊
သူ့ကျိုးမျှဝေ ချေငံလေ။။

အချိန်ကာလ၊ တန့်ရိုးမရှိ
ရရာသက်တမ်း အမုန်းလမ်းမှာ
ကျော်လွန်စေသော် အကျိုးနတ္တိ
လက်ဗလာနှင့် အရိုးထုပ်မယ်
အချိန်မီ ပြုပြင်ကြလေ…။

Editorial Team
The Art Garden Rohingya

 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website