သုံးရောင်
ရေးဖွဲ့သူ- ရိုမရုန်(န)
အဖြူရောင်နံရံ လေးဖက်ထဲ
တစ်မျိုးကရဲရဲတောက် အနီရောင်
တစ်မျိုးက နှစ်ရောင်စပ်
နောက်တစ်မျိုးက အမည်တပ်ခွင့်မရှိတဲ့အရောင်
နံရံလေးဖက်ထဲ ရက်တွေကြာလာတော့
အရောင်သုံးရောင် ရင်းနှီးလို့
တကယ့် မိသားစုရင်းသဖွယ်
တစ်ရောင်နဲ့ တစ်ရောင်ဖေးမကြ
ကူညီကြ၊ အားပေးကြနဲ့
ယုံကြည်မှုခြားတာကို အတွေးထဲကပျောက်လို့ အတွေးထဲတစ်ခုပဲကျန်တယ်
ငါတို့ဟာ တူညီတဲ့အရောင်
ငါတို့ဟာ ဂုဏ်နဲ့ပြောင်နဲ့
ငါတို့ဟာ လောကတန်ဆာပါပဲ။
အပေါ်ယံအရောင်ခွဲတွေနဲ့
မိရိုးဖလာကိုးကွယ်မှုကိုအစွဲပြုလို့
တစ်ရောင်ကိုတစ်ရောင်
နားလည်မှုလွဲကာမျက်စောင်းခဲကြ
တောကြောင်တွေ လက်ခမောင်းခတ်လို့
ပွဲတော်ကြီးဆင်နွဲကာ
ရိုးသားတဲ့အရောင်တွေ ဘဝတွေရင်းရတယ်
ကျယ်ပြန့်ဝန်း ပုပ်ဟောင်းနံနေတဲ့
ဒီအစွဲတွေ မျက်စိတစ်ဆုံး
ဘယ်လောက်ထိ ထပ်စောင့်ကြည့်ရမယ်
ဖြစ်နိုင်ရင် ဒီသုံးရောင်တည်း
ကမ္ဘာတည်လို့ ငါအေးချမ်းချင်လှပြီ။
(၁၀-၀၆-၂၀၂၀)
Editorial Team
#TheArtGardenRohingya