The Blog

မင်းမသိဘူ

ရေးဖွဲ့သူ- Mohammad Erfun Amin

အိုယောက်ျားကြီး–
မင်းမယား ရင်ဘတ်စည်တီး
ငိုနေတာကို မကြားဘူးလား။
အိုယောက်ျားကြီး–
မင်းမယား ကြောက်ရွံ့၍
ပုန်းနေတာကို မမြင်ဘူးလား။

အိုယောက်ျားကြီး–
မင်းမယား လုံခြုံမှုအတွက်
အေးရိပ်ရှာနေတာကို မခံစားဘူးလား။
အိုယောက်ျားကြီး–
မင်းမယား ဂုဏ်သိက္ခာ
ပျက်ခံ​နေတာကို ဝမ်းမနည်းဘူးလား။

အိုယောက်ျားကြီး–
မင်းမယား ပျော်ရွှင်မှုရဲ့
ရင်းမြစ်ဖြစ်တာကို တန်ဖိုးမထားလား။
အိုယောက်ျားကြီး–
မင်းမယား ပုန်းထားတဲ့
ရတနာဖြစ်တာကို မနှစ်သက်လား။

အိုယောက်ျားကြီး–
မင်းမယား
အသနားခံနေတာကို
မင်းမသိ၊ မင်းမကြား၊
မင်းမမြင်၊ မင်းမခံစားတတ်ဆို။

အိုယောက်ျားကြီး–
မင်း ယောက်ျားမျိုး ဟုတ်ရဲ့လားတောင်
သံသယနဲ့ပင်။

(၂၂ - ၀၅ - ၂၀၂၀)
အယ်ဒီတာအဖွဲ့
The Art Garden Rohingya 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website