The Blog

ဘ၀ဒဿန

ရေးဖွဲ့သူ- မင်းဝန်ဇော်

၁။ နိဗ္ဗာန်မမြင်
ငရဲမသိ
သံသရာမလျှောက်
ငါလူသား ဒီကမ္ဘာရောက်။

၂။ လေ့လာသမိုင်း
ပထ၀ီပိုင်းနဲ့
ဒဿနမျိုးစုံ
အယူပေါင်းနဲ့
ကြုံကာ ငါလူသား
ရူးပြန်အား။

၃။ စီးပွားချမ်းသာ
အာဏာဗလနဲ့
မျက်စိနီမြန်း
ဘာမထီဘဲ
လျှောက်လှမ်း ကမ္ဘာ
ငါက ငါတည်း။

၎။ ချမ်းသာသုခ
ငါခွဲမမြင်
ချမ်းသာတခါ
ဆင်းရဲတလေ့
ပြန်တလဲလဲနဲ့
ကုန်ခဲ့သည်ကား
ငါ့ဘ၀။

၅။ ပဉ္စခန္ဓာ
ဓါတ်မမျှတော့
ချင်းချင်းကွဲကွာ
ဇာတိပြ၏။

၆။ လဲလျောင်းမြေသား
မြေပေါ်မှာ
မြေသည်အဘ
မြေသည်အမိ
အမှီပြု၍
နိဂုံးချုပ်ခဲ့
သုဿန်မယ်။

(15-06-2020)
#TheArtGardenRohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website