The Blog

တစ္ေယာက္တည္​းၿပိဳင္လည္း ဒုတိယ

​ေရးဖြဲ႔သူ – Abu Saad |

ငါသာ ပထမ 
ငါသာ ပထမ
ႀကံဳးဝါးရင္​း ၾကံဳးဝါး။
ငါးက်ိပ္ ထဲ ၿပိဳင္ပြဲ၀င္ 
ပန္းဝင္ရာမွာ ေနာက္ဆံုးပင္
အဆင့္ကေတာ့ ငါးဆယ္ခ်ိတ္။
ဇြဲ၊ လံု႔လ၊ ၀ီရိယ စြဲ 
သံုးေယာက္ႏွင့္သာ ဝင္ၿပိဳင္​ပြဲ
တာ၀င္ေနာက္ဆံုးပါ့
တတိယျဖင္​့ ​ေက်နပ္ရ။
ႏွစ္ေယာက္တည္းၿပိဳင္လည္း ဒုတိယ
ဘယ္ေတာ့မွ ပထမ မရ။
ဇြဲမေလ်ာ့ပဲ တစ္ေယာက္တည္းၿပိဳင္ 
တာဝင္ခါနီး ​ေက်ာက္​တံုးက
ခလုတ္​တိုက္ဖန္​ ျဖစ္​လို႔လာ။
 လဲက်ရာမွ ထျပန္ေျပးရာ
ေက်ာက္တံုးက ပန္းတိုင္မွာ
ငါ့ရဲ႕အဝင္ ​ေစာင့္ေနရွာ။
 ေက်ာက္တံုးက ပထမ
တစ္ေယာက္တည္းၿပိဳင္လည္း ဒုတိယ။

#Unicode

တစ်ယောက်တည်းပြိုင်လည်း ဒုတိယ

ရေးဖွဲ့သူ – Abu Saad

ငါသာ ပထမ ငါသာ ပထမ ကြုံးဝါးရင်း ကြုံးဝါး။

ငါးကျိပ် ထဲ ပြိုင်ပွဲဝင် ပန်းဝင်ရာမှာ နောက်ဆုံးပင် အဆင့်ကတော့ ငါးဆယ်ချိတ်။

ဇွဲ၊ လုံ့လ၊ ဝီရိယ စွဲ သုံးယောက်နှင့်သာ ဝင်ပြိုင်ပွဲ တာဝင်နောက်ဆုံးပါ့ တတိယဖြင့် ကျေနပ်ရ။

နှစ်ယောက်တည်းပြိုင်လည်း ဒုတိယ ဘယ်တော့မှ ပထမ မရ။

ဇွဲမလျော့ပဲ တစ်ယောက်တည်းပြိုင် တာဝင်ခါနီး ကျောက်တုံးက ခလုတ်တိုက်ဖန် ဖြစ်လို့လာ။

လဲကျရာမှ ထပြန်ပြေးရာ ကျောက်တုံးက ပန်းတိုင်မှာ ငါ့ရဲ့အဝင် စောင့်နေရှာ။

ကျောက်တုံးက ပထမ တစ်ယောက်တည်းပြိုင်လည်းဒုတိယ။

Sn.Oct, B-1 
(2.10.2019)
The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website