The Blog

သေပွဲ

ရေးဖွဲ့သူ- အာဗ္ဒုလ္လာဟ် @ မောင်မြင့်ဆွေ

ရိုဆင်းရဲသား ဝမ်းစာရှာရေး
ပစ္စည်းဝန်ထုပ် အပြည့်ထည့်
သမီးထွေးကိုပေး ကတိလေး
ပြန်ခါယူလာမယ် ပြောင်းဖူးကွယ်။

သားဖနှစ်ဦး အောက်ရွာစုန်
လျှောက်ကုန်မကျေ ခရီးရှည်
နေပူရှိန်လည်း စပ်ကျဲကျဲ
ရိပ်ကောင်းပင်အောက် ထိုင်မောပြေ။

ဗြူး….ဗြူး…..ဗြူး
ရုတ်တရက် တညံညံဝဲ
ရပ်ကာမော့မော့ ကောင်းကင်ကြည့်
ဒုန်း….ဒုန်း….ဒုန်း….
မီးသရဲများ ကြွေဆင်းလာ
ထမ်းကုန်သည်စုက ဖရိုဖရဲ
လက်မြှောက်လျက် ငိုမြည်ကြွေး။

မိုးရွာသဖွယ် ချလေလေ
ခုန်ဆွ၊ ခုန်လွှား ဟိုဒီပြေး
မီးသရဲထိ လူစုထဲ
ခြေပြတ်လက်ပြတ် ပြန့်ကားလဲ
အဖေဘယ်ဖက် သားရှာခက်
ကိုယ်လက်အင်္ဂါ ကြေမွေပျက်
ပုံရုပ်သဏ္ဌာန် မှန်းမရတဲ့။

ခြေ၊လက်၊ဦးခေါင်း ကောက်ယူကာ
သွေးစွန်းဘောက်သာနဲ့ အိမ်ပြန်လာ
သားသယ်လာတဲ့ ပြောင်းဖူးအိတ်
ဖွင့်ကာကြည့်သော် သေပွဲလိတ်တဲ့။

သမီးပူဆာ ပြောင်းဖူးရှာ
အမေ့ဆီသွား တောင်းခါခါ
မျက်ရည်စမ်းစမ်း ပါးစပ်မဲ့သွား။
သမီးအထင်မှာ ဘောက်သာထဲ
ပျားပြောင်းဖူးနဲ့အပြည့်။

………………………*****************…………………………..

 Sn-May,B-01
(၀၃-၀၅-၂၀၂၀)
The Art Garden Rohingya
#StayAtHomeStaySafe 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website