(အပတ်စဉ်ကဏ္ဍ)
ချစ်မြေမွေးရပ်က ဝေးသနှင့်
ရေးဖွဲ့သူ - ယျာတင် (ရိုဟင်းသား)
သြော် ... ရက်များကုန်မြန်
အိုးအိမ်မဲ့နှင့်၊ သည်ဒုက္ခဝန်
လေးလံဝန်ပိ
ကံတရားလား၊ ကပ်ဆိုးလား
ခါးသီးလွန်းတယ်၊ အို သန်းပေါင်းဒုက္ခ။
သူ့အရပ်မှာ၊ ထူထပ်စွာနေရသည်
မွေးမြေဌာနေကလည်း ဝေးသနှင့်။
ရွာချသည့်မိုး၊ အငြိုးကြီးမို့
တဲခေါင်မိုးပေါက်သည်
သည်မိုးသည်ရေကလည်း ယိုလျက်နှင့်။
ဥတုနွေလ၊ ရောက်ပြန်ကလည်း
တာပလင်တဲများ
မီးနှယ်ပူကြူး၊ လူကရူးသည်
အရိပ်အာဝါသကလည်း မွဲသနှင့်။
ရာသီပြောင်းလဲ၊ ဆောင်းမြူဝဲချိန်
လွန်ကဲစွာအေး
အနွေးဓာတ်ပေး ရင်ခွင်အေးကို
ဘယ်မှာရှာလို့ တွေ့နိုင်လိမ့်။
သဖြန်
ဟိုဘက်တဲမှာ ငိုသံသည်း
ငတ်မွတ်ခြင်း ဒုက္ခနှင့်
မိတဆိုး ကလေး။
သည်ဘက်တဲမှာ ညည်းသံပြည့်
အဆင်မပြေမှု သိန်းသန်းနှင့်
ဟိုတုန်းက သူဌေး။
အို ... ဒုက္ခသည်ဘဝ
အရွယ်စုံတို့၏ရွှေသည်းများ ပြိုကွဲပါသည်
မိမြေကို လွမ်းသောကြောင့်။
_____________________________________
ကဗျာအမျိုးအစား - ညည်းချင်း သဖြန်
_____________________________________
- ...
ကောင်းမှုပြုပါ ရမ်ဇာန်မှာ
ရေးဖွဲ့သူ- မောင်လတ်
ကောင်းမှုပြုပါ မြတ်ရမ်ဇာန်မှာ
ဖန်ဆင်းရှင်၏ မိန့်တော်ပါ
ကျင့်စာရိတ္တ ပြုပြင်ကာ
ဥပုဒ်သီလ ဆောက်တည်ကြ။
ကျမ်းမြတ်ကုရ်အာန် ရွတ်ဖတ်ကာ
သရားဝိဟ်ပါ ကြိုးဖတ်ပါ။
ဆင်းရဲသူအား ကူညီဖို့ရာ
မိုမင်န်အပေါင်း တာဝန်ပါ။
မိဘမဲ့အား စောင့်ရှောက်ကာ
ကောင်းမှုကုသိုလ် ပြုကျင့်ရာ
နမာဇ်ရိုဇာ လက်မလွတ်ရပါ။
ဇကာသ်ကိုလည်း မြဲပင့်ပေးကာ
ထူးကဲလှသော ဒါနတရား
ဆွေမျိုးညာတိ ဆင်းရဲသားအား
စာနာသနား ထူပေးကြ
ရှရိအတ်၏ အမိန့်တော်ပါ။
လတစ်ထောင်ထက် မွန်မြတ်တာ
ညမြတ်ကဒရ် ရှာဖွေဖို့ငှာ
အဆုံးဆယ်ည အားထုတ်ပါ။
ကွင်းပြင်ထွက်စု ညီညီညာ
အီဒ်ပွဲနမာဇ် နွှဲဝတ်ပြုပါ။
မြတ်အသျှင်၏ အမိန့်တော်
မြတ်နဗီတော်၏ ဩဝါဒများ
လိုက်နာအဖြာဖြာ ကိုယ်စိတ်ပါ
မွတ်စလင်သူ မွတ်စလင်သား။
Sn-May,E-05 (7-5-2020) Editorial Team The Art Garden Rohingya #StayAtHomeStaySafe