ကဗျာချစ်ပရိသတ်တို့အတွက် ရိုဟင်ဂျာကဗျာဆရာမ ရိုမရုန်း(န)ရဲ့ ပြောင်မြောက်တဲ့ လက်ရာမွန် ကဗျာစုစည်းမှု "ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ" စာအုပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အောက်ပါလိင့်ကိုနှိပ်၍ အခမဲ့ဒေါင်းယူပါ။ ပရိသတ်များအားလုံး ဖတ်ရှုကြည်နူးနိုင်ပါစေ။
⏬DownloadHere⏬
ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ
အပြုံးမဲ့ ငါ့ ကမ္ဘာ
ရေးဖွဲ့သူ- ဇာဟီးဒူလ္လာ ( ခ ) မျိုးသွေး
လူ့ဘုံအလယ် ငါငမွဲ
ဆင်းဆင်းရဲရဲ တဲစုတ်ထဲ
နေရာတကာ ခွဲခြားခံရ
ဇာတိမြေမှာ ငါ့ဘဝတာ
အေးချမ်းမှုနဲ့ ကင်းဝေးလျက်….။
သွားလာခရီး ပိတ်ပင်တား
စီးပွားမသာ အိတ်ဗလာ
မွေးရပ်မြေမှာ တစိမ်းပါ
နိုင်ငံမဲ့ခံ ငါ့ဘဝက
ဝမ်းနည်းမှုနဲ့ ပြည့်စုံလှ….။
ရင်ပြည့်သောက ဖြေမသွား
ဖွားတကြွေးကြွေး တတွေးတွေးနဲ့
အိပ်လည်းမပျော် အာရုဏ်ကျော်
ဝမ်းတစ်တွာဖို့ ခေါင်းဝင်စားလို့
အမိမြေမှာ…
အပြုံးမဲ့ ငါ့ကမ္ဘာ…။
……………………..****************…………………………
Sn- May, B-02 (၀၄-၀၅-၂၀၂၀) The Art Garden Rohingya #StayAtHomeStaySafe