အလွမ်းမ ပြေ ကျောင်းနေရွယ်
ရေးဖွဲ့သူ- ဇာဟီးဒူလ္လာ (ခ) မျိုးသွေး
ငယ်ငယ်တုန်းက ကျောင်းဌာနေကို
တကြောက်ကြောက်နဲ့ ခရီးစ၍
တဖြည်းဖြည်းနဲ့ အပြုံးဝေလာ
တစ်တန်းတည်းနေ သူငယ်ချင်းဖွဲ့
ထိုကာလပြုံး ပျော်မဆုံး
မေ့ကုန်မရ ငယ်ဘဝ။
အစိမ်းနှင့်ဖြူ ဝတ်စုံတူနဲ့
အားလုံးတန်းစီ ကဗျာသီလို့
အနီးဝန်းကျင် သက်ရှိများပင်
ငြိမ်ငြိမ်သက်သက် နားဆင်လေ၏။
ကျောင်းသားကျောင်းသူ အတူတူ
ညီညာစုံရုံ ပညာသင်တုန်း
ဆင်းရဲချမ်းသား မခွဲခြားဘဲ
တန်းတူညီတူ ဆက်ဆံခဲ့၏။
ကျောင်းပိတ်ချိန်ခါ နွေမိုးပမာ
ပင်လယ်ပြင်မှာ ရေလျှံသလို
ကောင်းကင်ပေါ်မှာ မိုးရေကုန်သို့
နှာခေါင်းလည်းပိတ် အသံတိတ်
ခွဲခွာရမယ့် အတွေးခြောက်၍
နှုတ်ဆက်တာတောင် စကားသံမပါ
မျက်ရည်လည်၍ ငိုကြွေးကြွေး
ထိုလွမ်းစိတ်ခြစ်ရာ ခုထိနာကျင်စေ၏။
တို့စာသင်ကျောင်း တည်ရှိနေလည်း
ကျောင်းနေဘဝ၊ ကျောင်းနေငယ်ချင်း
ပြန်၍မရ ခေတ်လွန်သော်လည်း
ငယ်ဘဝအတွေး မှတ်ဉာဏ်ပြင်မှာ
ယနေ့အထိ ရှင်သန်နေ၏။
လွတ်လွတ်လပ်လပ် ပျော်ရွှင်ခဲ့တဲ့
မေ့ရန်ခက်ခဲ ကျောင်းသားဘဝ
လူအိုဖြစ်လည်း အလွမ်းမပြေ
သေဆုံးချိန်ထိ လွမ်းနေမည်တည်း။
……………………….*******************…………………………
Sn.Jan,B-28 (30-1-2020) The Art Garden Rohingya