ကဗျာချစ်ပရိသတ်တို့အတွက် ရိုဟင်ဂျာကဗျာဆရာမ ရိုမရုန်း(န)ရဲ့ ပြောင်မြောက်တဲ့ လက်ရာမွန် ကဗျာစုစည်းမှု "ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ" စာအုပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အောက်ပါလိင့်ကိုနှိပ်၍ အခမဲ့ဒေါင်းယူပါ။ ပရိသတ်များအားလုံး ဖတ်ရှုကြည်နူးနိုင်ပါစေ။
⏬DownloadHere⏬
ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ
“ရို”့ မျက်ရည်ကျနေဆဲ
ရေးဖွဲ့သူ- Austin Jani
တစ်နေ့ထက်တစ်နေ့
လျော့ကာသွားလို့
လက်ချောင်းချိုးရေဖို့သာ
ကျန်သေးရှာ
တို့ ရိုဟင်ဂျာ လူမျိုးများ။
တယောက်နောက်တယောက်
ဖမ်းခေါ်သွားလို့
ရွာလိုပုံထား
ထောင်ထဲမှာ
ခုချိန်ထိ ဖမ်းမြဲဖမ်းဆဲလား၊၊
တစ်ရွာပြီးတစ်ရွာ
မီးရှို့ပစ်လို့
ပြာစင်စင်သာ
ကျန်သေးရှာ
အခုချိန်ထိ လောင်မြဲလောင်ဆဲလား၊၊
လူကြီးမကြွင်းလူငယ်ပါ
သတ်ဖြတ်ပစ်လို့
သွေးချောင်းပမာ
စီးဆင်းရှာ
ခုချိန်ထိ မခြောက်သွေ့ပါလား။
မိခင်ရှေ့ဝယ် ရင်သွေးသမီးကို
မုဒိမ်းကျင့်လို့
တိရစ္ဆာန်ပမာ
သေနတ်ပစ်သတ်ရက်လား။
တစ်နေရာပြီးတစ်နေရာ
ရွှေ့ကာပြောင်းလို့
နေထိုင်ဖို့ရာ ရိပ်မသာ
ဒုက္ခဝန်ထုပ် တက်ဖိစီးလို့
ရှေ့သို့ဆက်ဖို့ လမ်းမမြင်သာ
မျက်ရည်ဝဲဝဲ ကျနေဆဲပါလား။
Sn.Nov,B-17
(၂၉-၁၁-၂၀၁၉)
The Art Garden Rohingya