ကဗျာချစ်ပရိသတ်တို့အတွက် ရိုဟင်ဂျာကဗျာဆရာမ ရိုမရုန်း(န)ရဲ့ ပြောင်မြောက်တဲ့ လက်ရာမွန် ကဗျာစုစည်းမှု "ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ" စာအုပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အောက်ပါလိင့်ကိုနှိပ်၍ အခမဲ့ဒေါင်းယူပါ။ ပရိသတ်များအားလုံး ဖတ်ရှုကြည်နူးနိုင်ပါစေ။
⏬DownloadHere⏬
ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ
ဖြူ စိမ်းဝတ်စုံ
ရေးဖွဲ့သူ- Qurshid Alam@ Maung Maung Tin
ဖြူစင်တဲ့နို့ရည်နဲ့
စိမ်းလန်းတဲ့သစ်ရွက်ပမာ
ဖြူဖွေးဖွေးအင်္ကျီ
စိမ်းတိမ်းတိမ်းဘောင်းဘီက
ကျောင်းဝတ်စုံပါ။
ဘာမသိ အရွယ်ကပင်၊
အလင်းထုံသည့်ဘဝသို့၊
ယူဆောင်သွားသည့်
ယူနီဖောင်းက
ကျောင်းဝတ်စုံပါ။
စိမ်းဖြူစုံဝတ်ချိန်တိုင်း
လူအိုလူငယ်၊ လူဆိုးလူယုတ်တို့၏
ခင်မင်လေးစား၊ နှစ်သက်ခံရတဲ့
ကျောင်းဝတ်စုံပါ။
ကျီးကန်းအုပ်မှာဗျိုင်းတစ်ကောင်
အဝေးကမြင်နိုင်သလို၊
ဒေါင်းအုပ်ထဲမှာကျီးတစ်ကောင်
အယောင်မဆောင်နိုင်သလို၊
လူထုထဲမှာကျောင်းသားဟု
ရွေးထုတ်နိုင်သည်က
ကျောင်းဝတ်စုံပါ။
ဖက်ရှင်ဝတ်စုံ၊ ရိုးရာဝတ်စုံ၊
အမျိုးသားဝတ်စုံ၊ ရှေးဟောင်းဝတ်စုံ
ဝတ်စုံတကာထဲ အလှဆုံးနဲ့
အကျိုးနပ်ဆုံး ဝတ်စုံကား
ကျောင်းဝတ်စုံတဲ့။
(15-06-2020)
#TheArtGardenRohingya