ကဗျာချစ်ပရိသတ်တို့အတွက် ရိုဟင်ဂျာကဗျာဆရာမ ရိုမရုန်း(န)ရဲ့ ပြောင်မြောက်တဲ့ လက်ရာမွန် ကဗျာစုစည်းမှု "ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ" စာအုပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အောက်ပါလိင့်ကိုနှိပ်၍ အခမဲ့ဒေါင်းယူပါ။ ပရိသတ်များအားလုံး ဖတ်ရှုကြည်နူးနိုင်ပါစေ။
⏬DownloadHere⏬
ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ
ပြန်လာခဲ့ပါလေ ဟိုအတိတ်
ရေးဖွဲ့သူ- Dialogue Partner
မတူကွဲပြား အားအင်ဖြစ်သုံး
ချိန်ခါမရွေး မှုမှန်တိုင်းမှာ
စုပေါင်းညီညာ ကြိုးစားအားထုတ်
ရှေ့သို့လှမ်းချီ ပန်းတိုင်ရောက်တဲ့
ဟိုအတိတ် ပြန်လာခဲ့ပါလေ။
နေရာဒေသ၊ အသားအရောင်
ကျော့သားရင်သား မခွဲခြားဘဲ
လူသားတိုင်းက တန်းတူညီမျှ
အခွင့်အရေးကို ခံစားခဲ့တဲ့
ဟိုအတိတ် ပြန်လာခဲ့ပါလေ။
လူကြီးသူမ ဆိုဆုံးမကို
အမြဲတစေ ဦးထိပ်ထားကာ
သာရေးနာမှု ဟူသမျှကို
ကိုယ့်ဝတ္တရား စိတ်ထဲမှတ်လို့
တာဝန်ကိုယ်စီ ကျေပွန်ခဲ့တဲ့
ဟိုအတိတ် ပြန်လာခဲ့ပါလေ။
လွတ်လွတ်လပ်လပ် မိုးဝေဟင်ဝယ်
အတားအဆီးမဲ့ ပျံလွှားမြူးထူး
ပျံသန်းနေတဲ့ ငှက်လေးသဖွယ်
ဝမ်းသာပီတိ ဖြစ်မိခဲ့တဲ့
ဟိုအတိတ် ... အသင် ပြန်လာခဲ့ပါလေ .....။
၂၈-၅-၂၀၁၉
The Art Garden Rohingya