ဤခရီး နီးလွန်း၏
ရေးဖွဲ့သူ- မေယုတာရာ
လူ့လောကကြီးထဲ ငိုစပြုရင်းဝင်လာခဲ့
မွေးကင်းစမှ ၅ နှစ်ထိ ကလေးဘဝမှာ
မိဘရင်ခွင်ထဲ ပျော်ပျော်လေးပဲကွယ်
စိုးရိမ်သောက အလျဉ်းမရှိ၊ လောကကြီးက ငါနဲ့တစိမ်း
မိဘထက်ပိုချစ်သူဟူ၍ နတ္ထိပါပဲ။
တစ်ခါ ၁၅ နှစ်အရွယ်ထိ လူကလေးဘဝ
ပူပန်စရာတွေ မတွေးတတ် ကခုန်ကစား စာဖတ် အိပ်ပျော်
မိဘအပြင် ချစ်တတ်သူတိုးလာပြီ ဆရာ၊ဆရာမများ
လောကကြီးက ချစ်စရာကြီးပါလား။
တစ်ဖန် ၂၅ နှစ်ထိ လူငယ်ဘဝ
၁၀ တန်းကျော်ဘွဲ့လဲရလာ လေ့လာလိုစိတ် အရာရာ
ဘဝနောင်ရေး စဉ်းစားတတ်ရင်းလေ
စွန့်စားတတ်သိလိုစိတ် ပြင်းပြတဲ့အရွယ်လေး။
သက်တော် ငါးဆယ်ထိ လူကြီးဘဝ
အိမ်ထောင်ဦးစီး ရင်သွေးတွေနှင့် စီးပွားရေးပါ ...
ရှေ့သို့လှမ်းကာ ပန်းတိုင်ရှာ
ရေးဖွဲ့သူ – Lalmoti
မိဘကဝေး အဆွေလည်းမဲ့
ဇာတိနှင့်ဝေး မိတ်ဆွေနှင့်ကွဲ
မချိဒုက္ခ တို့ခံရလည်း
‘ ရှေ့သို့လှမ်းချီ ပန်းတိုင်မီအံ့'ဟု
မျှော်လင့်ချက်ပွား ယုံကြည်မှုဆက်
ဥဇုဘူတ ရှေ့လျှောက်မည်။
ခံနိုင်စွမ်းမဲ့ ကြုံရဘေးစုံ
ပြောမဆုံးသည့် ဒဏ်ရာမျိုးကြောင့်
နှလုံးနာကျင် စိတ်ကညစ်လည်း
‘ ရှေ့သို့လှမ်းချီ ပန်းတိုင်မီအံ့'ဟု
ဒုက္ခစုံကြား ခေါင်းကိုမော့ကာ
ဤခရီး တို့လျှောက်မည်။
လူမျိုးဘာသာ စွဲပြုကာဖြင့်
ခုတ်ခြင်း၊ သတ်ခြင်း၊ မီးရှို့ခြင်းသို့
ရေးမဆုံးသည့် အနိုင်ကျင့်မှုကြောင့်
မွေးရပ်ဇာတိ စွန့်ခွါလာရ
ဒုက္ခသည်ဘဝနှင့် သူ့တိုင်းပြည်မှာ
ခက်ခက်ခဲခဲ ရှင်သန်ရလည်း
“ ရှေ့သို့လှမ်းချီ ပန်းတိုင်မီအံ့" ဟု
ယုံကြည်မှုဆိုင်းဘုတ် ရင်ထဲချိတ်ကာ
ဤခရီး ...
ငါတို့ ချီတက်မြဲ ချီတက်နေမည်သာ။
Sn.Sep,B-03
(၈၊ ၉၊ ၂၀၁၉)
The Art Garden Rohingya