[Unicode]
အသင့်မဖြစ်ဘဲနဲ့
ရေးဖွဲ့သူ – မေယုအာလီ
အသင့်မဖြစ်ဘဲနဲ့
ခွဲခြားဆက်ဆံမှုကိုလည်း ဖြတ်သန်းခဲ့တယ်။
အသင့်မဖြစ်ဘဲနဲ့
အမုန်းတရားကိုလည်း ဖြတ်သန်းခဲ့တယ်။
အသင့်မဖြစ်ဘဲနဲ့
ဂျီနိုဆိုက်ကိုလည်း ဖြတ်သန်းခဲ့တယ်။
အသင့်မဖြစ်ဘဲနဲ့
တိုင်းပြည်က နှင်ထုတ်ခြင်းကိုလည်း ဖြတ်သန်းခဲ့တယ်။
အသင့်မဖြစ်ဘဲနဲ့
ဒုက္ခသည်ဘဝကိုလည်း ဖြတ်သန်းနေတယ်။
အသင့်မဖြစ်ဘဲနဲ့
ဆိုင်ကလုံးတွေကိုလည်း ဖြတ်သန်းနေတယ်။
အခုတော့…
အခုတော့…
အသင့်မဖြစ်ဘဲနဲ့
ကိုဗစ်ကိုတောင် ဖြတ်သန်းနေပြီ။
နောက်ထပ် ဘာများလဲ…
ဘာတွေ ဖြတ်သန်းရဦးမှာလဲ…
တတိယ ကမ္ဘာစစ်ကြီးလား။
ဒါမှမဟုတ် ကမ္ဘာပျက်ကပ်လား။
ဘာပဲဖြစ်ဖြစ် ဆက်လက် ဖြတ်သန်းနေခဲ့မယ်
လွတ်မြောက်ခြင်းဆိုတဲ့ မနက်ခင်း မတိုင်ခင်ပေါ့
အသင့်မဖြစ်ဘဲနဲ့လေ။
[Zawgyi]
အသင့္မျဖစ္ဘဲနဲ႔
ေရးဖြဲ႕သူ – ေမယုအာလီ
အသင့္မျဖစ္ဘဲနဲ႔
ခြဲျခားဆက္ဆံမႈကိုလည္း ျဖတ္သန္းခဲ့တယ္။
အသင့္မျဖစ္ဘဲနဲ႔
အမုန္းတရားကိုလည္း ျဖတ္သန္းခဲ့တယ္။
အသင့္မျဖစ္ဘဲနဲ႔
ဂ်ီႏိုဆိုက္ကိုလည္း ျဖတ္သန္းခဲ့တယ္။
အသင့္မျဖစ္ဘဲနဲ႔
တိုင္းျပည္က ႏွင္ထုတ္ျခင္းကိုလည္း ျဖတ္သန္းခဲ့တယ္။
အသင့္မျဖစ္ဘဲနဲ႔
ဒုကၡသည္ဘဝကိုလည္း ျဖတ္သန္းေနတယ္။
အသင့္မျဖစ္ဘဲနဲ႔
ဆိုင္ကလုံးေတြကိုလည္း ျဖတ္သန္းေနတယ္။
အခုေတာ့…
အခုေတာ့…
အသင့္မျဖစ္ဘဲနဲ႔
ကိုဗစ္ကိုေတာင္ ျဖတ္သန္းေနၿပီ။
ေနာက္ထပ္ ဘာမ်ားလဲ…
ဘာေတြ ျဖတ္သန္းရဦးမွာလဲ…
တတိယ ကမာၻစစ္ႀကီးလား။
ဒါမွမဟုတ္ ကမာၻပ်က္ကပ္လား။
ဘာပဲျဖစ္ျဖစ္ ဆက္လက္ ျဖတ္သန္းေနခဲ့မယ္
လြတ္ေျမာက္ျခင္းဆိုတဲ့ မနက္ခင္း မတိုင္ခင္ေပါ့
အသင့္မျဖစ္ဘဲနဲ႔ေလ။
(17-09-2020) Editorial Team The ArtGarden Rohingya