အယ်ဒီတာအကြိုက် မြန်မာကဗျာ (၅)ပုဒ် (အောက်တိုဘာလ၊၂၀၂၀)
- ဇာတာကျတဲ့ကျောက်ဖြူသား
ရေးဖွဲ့သူ- Engr. Zaw Naing Phay
{ရမ္မာဝတီသားသျှေ-USA}
နှစ်ထောင့်ဆယ်နှစ် နောက်ပိုင်းမှာ
တို့တတွေ ဇာတာကကျ
တို့ နယ်ခံ IDP Camp မှာစံ
ဧည့်သည်တွေက စတိုင်တွေကျလို့
ငေးမှိုင်ရ တို့ဘဝ. . .
အမှန်တရားအမှောင်ချလို့
ကူသူမဲ့ နယ်ခံတွေမှာ
အနာဂတ်တွေ ပျောက်သွား
ဘုံပျောက်တဲ့ တို့ဘဝ
ရောက်လာတဲ့ အဆိုးဆုံးကံ
သည်းခံရင်း အံတွေကြိတ်
တချို့တချို့
ရေမြေခြား ဝေးရပ်မြေ
စွန့်စားလို့ ထွက်ခွါ
ဘဝနာတဲ့ တို့ ညီနောင်တွေ
” မာပါစေ ” ဆုတွေတောင်း
ခေတ်အပြောင်း စနစ်အပြောင်းမှာ
“ဂိုနာဟ်”အပြစ်တွေ အမြန်ကျေလို့
တို့အမွေ တို့ပြန်ရအောင်
စည်းလုံးကြစို့ . . . .
- မတရားစင်္ကြံ
ရေးဖွဲ့သူ… ရိုအဗ္ဗဒူရ်ရာဟ်မာန်
တခြားမြေပေါ် ငါတို့
တခြားကျော့ဝယ် ငါတို့
တခြားအစာ ငါတို့
မှီဝဲရှင်သန်လျက်
ကိုယ့်ဗိုက်ထဲမှာ ရှိမရှိတော့မထူး
တခြားဗိုက်အတွက် ရုန်းကန်ရတယ်
စင်္ကြံပေါ် ဟိုဒီပြေးလို့
အသနားခံရာ နာသူမရှိ။
ကားတိုက်ရင် မတော်တဆ
ဓားနဲ့သတ်ရင် ကိုယ့်ကိုယ်သတ်တာ၊
ခုခံမိတော့ သူသောင်းကျန်း
တရားရှာသူ လူမိုက်ကြမ်း၊
တို့အတွက်တော့ မတရားပဲ
တရားဥပဒေပါ
ပညာတတ်လဲ အရာမရောက်၊
ပညာမဲ့လဲ ရူးရာရောက်လို့
အမုန်းပန်းကိုတောင်
မေတ္တာထင်လောက်ဘိ။
- အကျိုးမဲ့ခြေလှမ်း
ရေးသူ – မောင်မောင်တင်(ရိုပုတ္တ)
ကိုယ့်ဘဝမှာ၊ ခြေလှမ်းရတိုင်း
ဘယ်ဆီဘယ်ရပ်၊ မသေမချာ
စိတ်အားထက်သန်၊ သစ္စာပန်းနှင့်
ပျံသန်းခက်လေ၊ ကျုံးခံခဲလျှင်
တပါးသူမှီ၊ ယုံစားမှားကာ
အင်္ကျီဖြူဆင်၊ မသာမာမှုဖြင့်
သိက္ခာတိုးစေ၊ အကျိုးမဲ့။
- ခါးသီးလွန်းတဲ့ သေခြင်းတရား (၃)
ရေးဖွဲ့သူ- လာလ်မိုတီခါန့်@ဆဖအ
အို…မြေပထဝီသား ဇာတ်ကောင်တို့ရယ်…
အသင်တို့ဟာ မွေးစကပင်
ဘဝသက်တမ်း ဆုံးသည့်တိုင်အောင်
လောကက်ိုသာ လောကီရေးရာနှင့်
နစ်မွန်းကာ ပျော်ဖြေကြ၏။
ပထမအရွယ် ရချင်းနှင့်ပင်…
ကစားခုန်စား ဘာသာဘာဝ
မြူးပျော်မှုများ ပြိုင်ပွဲများနှင့်
နစ်မွန်းသွား၏။
ဒုတိယအရွယ် ရောက်ရင်းနှင့်ပင်…
လှရေးဆင်ရေး ချစ်ကြိုက်ရေးနှင့်
စားရေးဝတ်ရေးနေရေးတို့မှာ
နစ်မွန်းနေ၏။
တတိယအရွယ် ရရင်လည်းပဲ…
ဥစ်စာဓန ရာထူးဌာနန်တရ
သားသားမီးမီး ပညာရှင်ကြီး၏
ကြွားဝါမှုနှင့် ဂုဏ်ပြိုင်မှုများတွင်
နစ်မွန်းနေမည်။
စင်စစ်မှာမူ…
ဤပစ်စက်ခဘဝဟာ အရိပျပမာ
သင်္ခါရမျှသာ တိုတိုတွင်းမှာ
ချုပ်ငြိမ်းသွားမှာ သံသယမဲ့ပါ။
ဤပစ်စက်ခဘဝကား ခတ်ေတခဏ
စိမ်းစိုသာယာ လယ်ယာများသဖွယ်
ထိုလယ်ယာများကား…
မကြာမီမှာ ခြောက်သွေ့ဝါတာတာ
စိတ်စိတ်မြွှာမြွှာ ပျက်စီးယိုးယွင်း
သွားကြမည်မှာ မျက်မြင်ဒိဋ္ဌပင်။
သေချာစဉ်းစား ဆင်ခြင်လိုက်သော်…
ဤပစ်စက်ခဘဝကား…
အမြင်မှောက်မှား လှည်းစားဖြားယောင်းသည့်
ပစ္စည်းမျှသာ ဖြစ်သည်တကား။
ယာယီသဘော သာယာရေးနင့်
နောင်ရေးရှေ့ရေး မတွေးမမြော်
လက်ဝယ်ချိန်ခါ ဖျက်ဆီးလိုက်သော်
သေပြီးနောက်မှာ ဤဤထိုထို
အဘယ် အကျိုးနပ်အုံးမလဲ။
ဤလောကကား သင်္ခါရ
နောင်တမလွန်ကား အဓိက
အဓိကကိုသာ ဦးစားပေးနေရင်းနဲ့ပဲ
ကြိုတင်ပြင်ဆင် သတိရပါ။
မဖိတ်ခေါ်ဘဲ ရောက်လာမယ့်
သေခြင်းတရားနဲ့ သွားရဦးမည်။
ထိုသေခြင်းတရားသာ မခါးသီးစေရန်
လောကီရေးရာ ဘေးဖယ်ကာ
စက္ကန့်မလပ် မှိတ်မပြတ်
မရဏတမန်၏ သေခြင်းတရားကို
သတိရပါစတေကား…။
- ဒုက္ခသည်စခန်းက သူဌေးသား
ရေးသူ- Roshidullah Kyaw Naing
အဘယ့်… ဒုက္ခ ဘယ်လိုခါး
မကြုံသာ သိမှမသိပါ
မြန်မာဖက်က သူဌေးသား
ရောက်လာရပြီ ဘင်္ဂါလားမှာ
ဒုက္ခသည်ဘဝ သူတောင်းစားနဲ့ သိပ်မခြား။
တောတွင်းထဲမှာ တဲငယ်လေးပါ
ပလက်စတိပ်နဲ့ နံရံကာ
ပလက်စတိပ်နဲ့ အမိုးသာ။
နေပူပြင်းဒဏ် မခံသာ
အနာအဖု ထွက်ပေါ်လာ
သူဌေးကတော် မမက
ဆေးခန်းခေါ်ဆောင်သွား။
သူဌေးသားလို့ မသိငြား
ဆေးထုတ်ရန် တန်းစီစေ
စခန်းလည်း လူနာအပြည့်လေ။
ဆေးထုတ်ရန် အချိန်ကြာ
အနာမခံ သူဌေးသား
ဆေးမယူဘဲ တဲပြန်သွား။
တနေ့ကုန် အပူအပန်းနဲ့
ထမင်းဟင်းလျားက ကုလားပဲဟင်းနဲ့သာ
ဝမ်းမခံတော့ ဝမ်းပျက်သွား။
မိုးသောက်ထက ဆေးခန်းသွား
အသွားအပြန် ၃ရက်ကြာ
ဆရာဝန်က အားထုတ်ကု
ဟိုဟာဒီဟာ ဘာမွမထူး။
သုံးရက်တိုင်တိုင် ပြင်းခံစား
သမားတော်ပင် ကုမရ
သူဌေးသားကို ထမ်းပြန်လာ
တဲတော်မှာပင် မရောက်ရှာ
သူဌေးသား ကံကုန်သွား။