The Blog

အမုန်းပန်းရှင်

ရေးဖွဲ့သူ- မိုဟမ္မဒ်ရှမီးမ်

ဥစ္စာရှိတော့ ဣနြေ္ဒရှင်ထင်
သွင်ပြင်ကတော့ ထည်ခန့်ညား
စိတ်ဓာတ်ကား မဖြူစင်
ဇမ္ဗူတစ်ခွင် မောက်ကြွားဖို့ဆင်…။

မသေခင် ချိန်သာမညမှာ
သာပျော်ရွှန်းရွှန်း ဂုဏ်လွှားနိုင်အောင်
ထင်ရာစိုင်းရိုက်စား မြင့်ဘဝင်…။

ဘယ်သူ့ကိုမှ လူမထင်
အမြင်ကတော့ ကျဉ်းလျက်နဲ့
ထိုလူမာန် သေကြွရင်လည်း
ထိုအကျင့် ပျောက်မယ့်မမြင်…။

သူ့တန်ခိုး ယူဆောင်မသွားနိုင်
သူ့အာဏာ ကူကာမတားနိုင်
သူခများ အမုန်းဆုဖြင့်
ဆုံးပါးသွားသည်ပင်…။

 

 

(၂၁-၀၅-၂၀၂၀)
အယ်ဒီတာအဖွဲ့
The Art Garden Rohingya 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website