The Blog

အပတ်စဉ် ကဗျာကဏ္ဍ

ဖေဖော်ဝါရီလ( ၅)ရက်၊၂၀၂၂။

 

 

အိပ်မက်ရောင်ခြည်နှင့် လူအမှုန်

ယျာတင် (ရိုဟင်းသား)

 

 

ပိန်းကျအမှောင် ဖြိုခွင်းအောင်ကြံ
လင်းရောင်ဝတ်ရုံ လွှမ်းခြုံကာဖြင့်
ဖူးထွက်ခွင့်ငှါ စိုင်းပြင်းနေသည့်
အားမာန်ပြည့်ဖြိုး အနာဂတ်ကြယ်
ပန်းပွင့်ပုလဲ ရို-လူငယ်များ
ဥယျာဉ်လယ်မှာ လွတ်လပ်စွာ
ဖူးပွင့်လင်းစေသား။

လင်းသည့်ပန်းများ ပွင့်လန်းအောင်နှင့်
ပွင့်သည့်ပန်းတိုင်း လင်းဝင်းရန်ဟု
ပြင်းပြဆန္ဒ နှလုံးမြဲသွင်း
လူအမှုန်သည် ဥယျာဉ်ခြံသို့
တိုက်တွန်းချက်မဲ့ မပျက်ရောက်သည်
တာဝန်တစ်ခု မှတ်သောကြောင့်။

ဉာဏ်ပန်းစုံလင် လင်းဝင်းရောင်ဖြင့်
ထိန်ထိန်လင်းသည့် သည်ဥယျာဉ်မှာ
အကယ်၍ …
ပေါင်းပင်တွေ့က ပေါင်းသင်ချင်သည်
ရေငတ်ပင်ဆုံ ရေလောင်းချင်သည်
လဲပင်တွေ့မူ ထူပေးချင်သည်
ဤသည်က …
ပုလဲပွင့်မြတ် ရို-လူငယ်ကို
လောကအလယ် မြတ်ရာဖျားဝယ်
ခိုင်ခံ့မြဲမြံ ဝင်းစေချင်သော
စစ်မှန်ဆန္ဒ သေးဖွဲ့တစ်ခု
ကာလရှည်စွာ ကိန်းဝပ်နေသောကြောင့်။

ပညာရတနာ ရှာဖွေစုရုံး
ဖြူစင်ပျိုနု လူငယ်ထုသာ
ရှည်လျားမှောင်ဖုံး တို့ဘဝကို
အမှောင်ခွင်း၍ အလင်းဆောင်ရာ
တန်ဖိုးဖြတ်ခဲ အနာဂတ်ကြယ်ဟု
ဤလူသား
ဧကန်အမှန် ယုံကြည်နေသောကြောင့်။

အိပ်မက်ရောင်ခြယ်နှင့် အမှုန်လူ၏
သစ္စာစကား သင်တို့ယုံစေသား။

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website