The Blog

အနိစ္စ

ရေးဖွဲ့သူး- ရိုမရုန်(န)

သင့်ရဲ့ သောက၊ မောဟ၊ ဒေါသ
သင့်ရဲ့ လောဘ၊ အိပ်မက်၊ မျှော်လင့်ချက်
သင့်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှု
အရာခပ်သိမ်းချုပ်ငြိမ်းသွားမည့်နေ့
အရာရာချန်ရစ် လက်ဗလာနှင့်
ကြင်နာသူလည်းမခေါ်နိုင်
ရင်နှစ်သည်းချာလည်းမလိုက်နိုင်
စည်းစိမ်ဥစ္စာအကုန်ချန်ရစ်လို့
အထီးကျန်စွာ သွားရမယ့်ဒီခရီး
အဖော်ကတော့ ရှိပါရဲ့
ဒါပေမယ့် နှုတ်ဆိတ်လဲလျောင်းလို့
ကိုယ်နှင့်ထပ်တူ
ဒီအမှောင်ကမ္ဘာဝယ်
ဘယ်အချိန်ထိနေရမလဲ
အဖော်မဲ့စွာ တစ်ယောက်တည်း
အနိစ္စရဲ့ ရင်ခွင်ထဲ။

 

(၁၄-၅-၂၀၂၀)
Editorial Team 
The Art Garden Rohingya 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website