The Blog

အကောင်းဆုံး ကဗျာအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသော နည်းပညာတက္ကသိုလ် ရိုဟင်ဂျာ ကျောင်သူ မေသရဖီ ရဲ့ “အနာဂတ်ရဲ့ တို့လူငယ် ” ကဗျာ ။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်

The Art Garden Rohingya သည် လူမှုအခြေပြု စာပေအနုပညာ website ဖြစ်ပါသည်။ ကျွန်ုပ်တို့ The Art Garden Rohingya သည် ရိုဟင်ဂျာတို့၏ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ဖော်ဆောင်ပေးနေသည့် စာပေအနုပညာချစ်မြတ်နိုးသော ရိုဟင်ဂျာလူငယ် ကဗျာဆရာများနှင့် အနုပညာရှင်များကို အားပေးအားမြှောက်ပြုလိုသည့်ရည်ရွယ်ချက်ဖြင့် ကဗျာလင်္ကာနှင့် အနုပညာလက်ရာများကို ပုံနှိပ်၍သော်လည်းကောင်း၊ အွန်လိုင်းစာမျက်နှာများတွင် မျှဝေ၍သော်လည်းကောင်း တင်ပြလျက်ရှိပါသည်။

အောက်ဖော်ပြပါ ကဗျာ သည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျရောက်သည့် ရိုဟင်ဂျာကျောင်းသားများအသင်း တက္ကသိုလ်များ ရန်ကုန်၏ အသင်းဖွဲ့စည်းတည်ထောင်သည့် (၅၅) နှစ်မြောက်ကို ဂုဏ်ပြုသည့်အနေဖြင့် နည်းပညာတက္ကသိုလ်၊ ရှေးဟောင်းဗိသုကာ စတုတ္ထနှစ်ကျောင်းသူ မေသရဖီ က ရေးဖွဲ့သီကုံးသော ကဗျာဖြစ်သည်။

ဤကဗျာသည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ရိုဟင်ဂျာကျောင်းသားကျောင်းသူများ ရေးဖွဲ့ရွတ်ဆိုခဲ့သော ကဗျာများအနက် အကောင်းဆုံး ကဗျာအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါသည်။

 

 

အနာဂတ်ရဲ့ တို့လူငယ် 

ဖေဖေါ်ဝါရီ ပထမနေ့မြတ်မှာ
ကျရောက်ခဲ့ပြီ တို့ရဲ့တွေ့ဆုံပွဲ
၅၅ နှစ်လည်း တိုင်ခဲ့ပြီလေ
ပျော်ရင်းမြူးရင်း မိတ်ဖွဲ့ရင်း
သုတရသ ဝေငှရင်းနှင့်
သိက္ခာ၊သမာဓိ အသိပညာရယ်
ဖြည့်စီးပေါင်းစပ် အကောင်အထည်ဖော်ရင်းနှင့်
ကြိုးစားကြမယ်လေ
ညီနောင်များရယ်….။

အကြင်နာမေတ္တာ ကရုဏာထားရင်း
အချင်းချင်း ကူညီရိုင်းပင်းကာဖြင့်
နောင်လာနောင်သား
မျိုးဆက်သစ်များဖြင့်လေ
တွဲလက်မဖြုတ် ချစ်ခင်ကြရင်း
အကောင်းအဆိုး ဝေမျှရင်းနှင့်
နာကျင်မှုများလည်း မေ့ပျောက်ကာ
ဒီအစဉ်အလာ ဒီ ရှရီအသ်ကိုဖြင့်
မမေ့မလျော့ မလျစ်လျူဘဲ
စောင့်ထိန်းရင်းနဲ့လေ
အန္တရာယ် အတားအဆီး
ကြုံလာသမျှကို
တူယှဉ်လက်တွဲ ကျော်ဖြတ်ရင်းနှင့်
လျှောက်လှမ်းကြပါစို့လေ
တို့အနာဂတ် ဆီသို့….။

မေသရဖီ
စတုတ္ထနှစ် ဗိသုကာ၊ နည်းပညာတက္ကသိုလ်။
( ဖေဖော်ဝါရီ၊ ၂၀၁၅ )

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website