"အနာဂတ်ပျောက် ရိုဟင်းသား"
နေရပ်စွန့်ကာ အသက်ကယ်ဖို့
ရောက်ရနေရ သူများပြည်သို့
သိုက်မဲ့ငှက်ပမာ ဘဝကံနှင့်
အားကိုးရာမဲ့ လမ်းလည်းတလွှဲ
ပင်လယ်ထဲမျော သစ်ငုတ်သဏ္ဌာန်
ကမ်းပျောက်လေရှာ ရိုဟင်းသား။
နလှန်ထူဖို့ စိတ်ကူးနှင့်မို့
ရုန်းကန်ထလည်း ငါးစာဖြစ်ရ
ကမ်းစမမြင် ပင်လယ်ပြင်ထဲ
ဂူတွင်းပျက်ခံ ပုရွက်ဆိတ်သို့
နစ်မြှုပ်လို့သေ ဇီဝန်အသက်
မနက်ဖြန်ပျောက်ရှာ ရိုဟင်းသား။
ကိုယ့်ပြည်တွယ်တာ ပြန်ခရီးမျှော်လို့
ဖြုတ်ကျနေတဲ့ ဥက္ကာပျံလို
သက်ကြီးအိုရွယ် နိဂုံးချုပ်နေပြီ
ကျန်ရစ်သားသမီး ရိပ်မဲ့ပင်လည်း
အခါမစေ့ ကြွေကျလုမတတ်
အနာဂတ်ပျောက်ရှာ ရိုဟင်းသား။
နောင်လာနောင်သား လက်ကမ်းဆက်ဖို့
သင့်ရာစာပေ သင်ခွင့်မရ
လှောင်အိမ်ပိတ်ခံ ကျေးငှက်ဟန်
လိုရာပန်းတိုင် မလှမ်းရှာလို့
တိတ်ဆိတ်နေရ လူအပမာ
ဘဝပျောက်လေရှာ ရိုဟင်းသား။
— မိုဟာမတ်ရှားဟ်
Editorial Team
(7-4-2024)
လူရုပ်နဲ့ “ငါ”
ရေးဖွဲ့သူ – Sahat@Zia Hero Naing
မျောက်တွေလည်း ငါ့လို စားတတ် ငှက်တွေလည်း ငါ့လိုပင်ပြောတတ်
တိရိစ္ဆာန် မဟုတ်လို့ လူ့ရုပ်နဲ့ငါ ငါက ဘာ။
ဖားမှာလည်း လက်နှစ်ဖက် ခြေနှစ်ဖက်နဲ့ပါ သူတို့မှာ လမ်းမရှိလို့ သူတို့က ခုန်လို့သွား တိရိစ္ဆာန် မဟုတ်လို့ လူ့ရုပ်နဲ့ငါ ငါက ဘာ။
နွားတွေလည်း မြက်ရွက်စား
ခွေးတွေလည်း အသားစား
တိရိစ္ဆာန် မဟုတ်လို့ လူ့ရုပ်နဲ့ငါ ငါက ဘာ။
ငါလုပ်လို့ ငါရ ငါစားလို့ငါ့ဗိုက်ဝ
အစာအတွက်သာ ငါ့ဘဝ ပင်ပန်း မလှ ဘာမျှမလုပ်ရင် ငါအစာ ငတ်ရ ငါက ဘာ။
ဟုတ်တာလည်းပြော မဟုတ်တာလည်းလျှောက်ပြော
ငါပြောတာမှန်တယ် ငါလုပ်တာ အကောင်းဆုံး တစ်ကိုယ်ကောင်းဆန်တဲ့ လူ့ရုပ်နဲ့ငါ ငါက ဘာ။
ငါမရှိတဲ့ နေ့လည်း ကမ္ဘာကြီးမှာ နေမရှား
ငါမရှိရင်လည်း ကမ္ဘာကြီးမှာ ညလသာ
ငါမပါပဲ ရေမရှား မြေမရှား
ငါက မည်သို့မျှ မခြား ငါက ဘာ။
သစ်ပင်တွေက မြေမှဖွား မြေနဲ့လုပ်မှ လူ့သတ္တဝါ
အသက်ဆုံးရင် မြေထဲမြုပ် အညစ်အကြေးတွေမို့
ငါ့ကို မြေကပဲစား ငါက ဘာ။
အမေဆိုတာက ကမ္ဘာ့ အနှိုင်းမဲ့ ကျေးဇူးရှင်လူသား အဖိုးများဆုံး အမှာစာ အမေ့စကား အမေ့စကားလိုက်နာမှ နောင်ဘဝ ချမ်းသာ အမေ့ခြေ ထောက်အောက်မှာသာ နိဗ္ဗာန်ဘဝ အမေဖွားမှ ငါရောက်လာ အမေ့ကိုပင် မေ့နိုင်တဲ့ သား ငါက ဘာ။
လူလား တိရိစ္ဆာန်လား
ဦးနှောက်ဥာဏ်တစ်ခုနဲ့သာ ငါ့ကို ခွဲခြား
ရေးတတ် ဆိုတတ် အကောင်းအဆိုး ခွဲမခြားတတ်
တိရိစ္ဆာန်တွေကလည်း စည်းကမ်းကိုလိုက်နာတတ်
တိရိစ္ဆာန် တွေက ငါ့ထက်ပညာတတ်
သူတို့က အနာဂတ် ကို သုံးသပ်တတ်
ငါက မဟုတ်မှန် ဝေဖန်တတ်တာ ငါက ဘာ။
ခုနစ် နှင့် ငါးပေါင်း ဆယ့်သုံးဖြစ်ကြောင်းသာ လိမ်လည်ခြင်းက မုသားစကား မဟုတ်တာတွေပြောပြီး ကိုယ့်အကျိုးဆောင် ပြောတာ ငါ ခေါင်းဆောင် ထိရောက်လာရင် ခေါင်းကိုရှောင် သစ္စာမဲ့တဲ့ တိရိစ္ဆာန် ကြောင် နောင်တဆိုတာ နောင်မှရ အကျိုးမပြုနိုင်ရင် မဖျက်ဆီးသင့်ပါ ငါ့အဖြစ်ကြောင့် ငါ့အမျိုးပျက်တာ ငါက ဘာ။
ဆရာဆိုတာက ဘဝရဲ့ လမ်းကောင်းပြ
ဆရာသမားကို မိဘလို ဂုဏ်ယူရ
ဖယောင်းတိုင်လို ထွန်းကား နေတဲ့ဘဝ
ဆရာပေးခဲ့တဲ့အလှတရား တပည့်မှားရင်လည်း ဆရာ့သိက္ခာကျ ဆရာသမားကို အားမနာတဲ့ငါ ငါက ဘာ။
စည်းလုံးညီညွတ်ကြပါ အောင်မြင်မှုရဲ့အစ စည်းလုံးမှသာရ စည်းလုံးမှုလှေက တောင်ပေါ်မက လှော်နိုင်တယ် တဲ့ စည်းလုံးခြင်းသည် တကယ် ခွန်အားပါ။
ငါက ဘာ..ကိုယ့်ကိုကိုယ် သုံးသပ်ပါ။
ငါက ဘာ..ကိုယ့်ကိုကိုယ် မေးကြည့်ပါ။
ငါက ဘာ..ကိုယ့်ကိုကိုယ် ဆန်းစစ်ပါ။
ငါက ဘာ..ကိုယ်ကိုယ်တိုင် သိပါ။
ငါက ဘာ..ကိုယ်ကိုယ်တိုင် ချိန်ကြည့်ပါ။
ငါက ဘာ..ကိုယ်ကမှန်လား၊မှားလား စစ်ကြည့်ပါ။ သူများအပြစ်ကို မဝေဖန်ခင် ကိုယ်အပြစ်ကိုလည်း ဝန်ခံသင့်ပါတယ်။ ကိုယ့်ကြောင့် ကောင်းကျိုးမဖြစ်စေရင် ဆိုးကျိုးလည်းမဖြစ်ပါစေနဲ့။ ကိုယ့်စီးပွားကြောင့် ကိုယ့်အမျိုး ဒုက္ခ မရောက်ပါစေနဲ့။
Sn.Aug,B-10
15-08-2019
TheArtGardenRohingya