The Blog

[Unicode]

The Art Garden Rohingya Interview

“ရိုဟင်ဂျာတွေရဲ့ ရင်တွင်းခံစားချက်တွေ ကမ္ဘာသူကမ္ဘာသားသိနိုင်အောင်၊ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်း ပြုပြင်ပြောင်းလဲမှု ဘက်ကိုအာရုံစိုက်လာအောင် ကဗျာရေးနေတာပါ” ဆိုသူ လူငယ်ကဗျာဆရာ ငြိမ်းချမ်းနဂျမ်း (ရိုခရီးသည်) နှင့် The Art Garden Rohingya အင်တာဗျူး

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၅) ရက်။

The Art Garden Rohingya သည် လူမှုအခြေပြု စာပေအနုပညာ website ဖြစ်ပါသည်။ ကျွန်ုပ်တို့ The Art Garden Rohingya သည် ရိုဟင်ဂျာတို့၏ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ဖော်ဆောင်ပေးနေသည့် စာပေအနုပညာချစ်မြတ်နိုးသော ရိုဟင်ဂျာလူငယ် ကဗျာဆရာများနှင့် အနုပညာရှင်များကို အားပေးအားမြှောက်ပြုလိုသည့်ရည်ရွယ်ချက်ဖြင့် ကဗျာလင်္ကာနှင့် အနုပညာလက်ရာများကို ပုံနှိပ်၍သော်လည်းကောင်း၊ အွန်လိုင်းစာမျက်နှာများတွင် မျှဝေ၍သော်လည်းကောင်း တင်ပြလျက်ရှိပါသည်။ ရိုဟင်ဂျာလူငယ် ကဗျာဆရာများနှင့် အနုပညာရှင်များသည် ကဗျာစာပေနှင့် အနုပညာအပေါ် ယုံကြည်မှုနှင့် စိတ်သဘောထား မည်သို့ ရှိကြောင်းကို သိရှိနိုင်ခြင်းငှါ ကဗျာဆရာများ၊ အနုပညာရှင်များနှင့် မေးမြန်းမှုပြုလုပ်သည့် အင်တာဗျူးကဏ္ဍကို တင်ဆက်လိုက်ပါသည်။

အင်တာဗျူးထဲက ထင်မြင်ယူဆချက်၊ ခံယူချက် စသည်တို့သည် ကဗျာဆရာ၊ အနုပညာရှင်တို့၏ အာဘော်သာဖြစ်ပြီး၊ the Art Garden Rohingya ၏ အာဘော်မဟုတ်ကြောင်း အလေးအနက် သိစေအပ်ပါသည်။

AG: ခင်ဗျားရဲ့ ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါ။
NC: “ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က အသက်(၂၅)နှစ်အရွယ် ရိုဟင်ဂျာလူငယ် တစ်ယောက်ဖြစ်တဲ့ ငြိမ်းချမ်းနဂျမ်း(ရိုခရီးသည်) ပဲဖြစ်ပါတယ်။”

AG: ကလေးဘဝက အကောင်းဆုံး အမှတ်တရ တစ်ခုလောက် ပြောပြပါလား ခင်ဗျား။
NC: “ ကလေးဘဝတုန်းက လသာတဲ့ညတွေမှာ ညနေစာ စောစောစားလိုက်ပြီးတော့ အိမ်အပြင်ထွက် အိမ်နီးချင်းက အပေါင်းအဖော် ကလေးတွေနဲ့ ဟစ်ကာအော်ကာ ထုပ်ဆီးတိုးကစားတာ၊ စိန်ပြေးတမ်းကစားတာ စတဲ့ ကစားနည်းအမျိုးမျိုးနဲ့ အပန်းပြေ ပျော်မြူးကစားခဲ့တာတွေက ကျွန်ုပ်အတွက် အကောင်းဆုံးအမှတ်တရအနေနဲ့ စိတ်ထဲမှာ ကမ္ပည်းထိုးထားသလို ကျန်ရှိနေပါတယ်။ ကလေးဘဝရဲ့ အပျော်ရွှင်ဆုံးအချိန်ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီလို ညအခါ လသာသာတွင် ကလေးတွေ ပျော်ပါးကစားတဲ့ ကစားပွဲတွေကတော့ ယနေ့ မှေးမှိန်ပျောက်ကွယ်သွားပြီ။ ၂၀၁၂ ခု အရေးအခင်းနောက်ပိုင်းမှာဆို ရိုဟင်ဂျာကလေးတွေအတွက် ပုံပြင်အဖြစ်နဲ့သာ ကျန်ရှိနေပါတော့တယ်။ ”

AG: ခင်ဗျားရဲ့ ပညာရေး နောက်ခံ အကြောင်းလေး ပြောပြပါဦး။
NC: “ ကျွန်တော်ကတော့ ၂၀၁၅ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပါတယ်။ အမှတ်က သိပ်မနည်းပေမဲ့ ရိုဟင်ဂျာလူမျိုးအဖြစ်မွေးဖွားလာတာ မွေးရာပါဆုံးရှုံးမှုတစ်ခုလိုဖြစ်နေပြီဆိုတော့ တက္ကသိုလ်တက်ပြီး အဆင့်မြင့်ပညာကို ဆက်လက်သင်ယူခွင့်မရရှိခဲ့ပါဘူး။ ယခုအခါတော့ ရိုဟင်ဂျာထွန်းသစ်စ စာသင်သားလူငယ်တွေကို စာတွေသင်ပြ၊ ကဗျာလေးတွေရေးရင်းနဲ့ အွန်လိုင်းကနေ ရရာနည်းနဲ့ ပညာ ဆက်လက် လေ့လာသင်ယူနေဆဲပဲဖြစ်ပါတယ်။ ”

AG : ဘယ်အရာက ခင်ဗျားကို ကဗျာရေးဖွဲ့ဖို့ လှုံ့ဆော်ခဲ့တာလဲ။ ကဗျာတွေ ရေးဖြစ်တဲ့ အကြောင်းလေးပေါ့။ အဲ့ဒါလေး ခဏပြောပြပါ။
NC: “ ကျွန်တော်က ငယ်ငယ်ကတည်းက ကဗျာတွေရေးဖို့၊ စာတွေရေးဖို့အာသီသ ပါလာခဲ့ပါတယ်။ အကြောင်းကတော့ ကျွန်တော် ငယ်ငယ်တုန်းကနေ ကျွန်တော့်ဘဝကျေးဇူးရှင် ကျွန်တော့်ဖခင်မှာ အာရဗီလို ကဗျာလေးတွေရေး၊ကဗျာတွေရွတ်ဆိုတဲ့ အလေ့ရှိတဲ့ကနေ ကျွန်တော်လည်း နီးနီးကပ်ကပ်ပဲ ဒါတွေကိုတွေ့ရင်း၊ကြားရင်းနဲ့ ကိုယ်အားသန်တဲ့ဘာသာစကားနဲ့ ကဗျာတွေရေးဖို့ စိတ်ဝင်စားလာတာဖြစ်ပါတယ်။ ယခု အွန်လိုင်းခေတ်ဆိုတော့ ကျွန်ုပ်တို့ရိုဟင်ဂျာတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို ကမ္ဘာသူကမ္ဘာသားတွေသိနိုင်အောင်၊ ရိုဟင်ဂျာအသိုင်းအဝိုင်းကလည်း ကျွန်ုပ်တို့ နေ့စဉ်ဘာတွေကြုံတွေ့နေရသလဲဆိုတာ တကယ့်ခံစားတတ်လာအောင်၊ ပြုပြင်ပြောင်းလဲမှု ဘက်ကိုအာရုံစိုက်လာအောင် ဆိုပြီးတော့ ရည်ရွယ်ပြီး အွန်လိုင်း ပလက်ဖောင်းတွေကနေတစ်ဆင့် ကဗျာရေး ဖြစ်လာတာပါ။”

AG: ခင်ဗျားရဲ့ အနှစ်သက်ဆုံး ကဗျာဆရာ သို့မဟုတ် စာရေးဆရာက ဘယ်သူဖြစ်မလဲ။ ဘာကြောင့် သူ့ကို သဘောကျ နှစ်သက်တာလဲ။
NC: “ ကျနော့်ရဲ့ အနှစ်သက်ဆုံးကဗျာဆရာကို ပြရမယ်ဆိုရင် အရှေ့တိုင်းရဲ့ အကျော်အမော်ကဗျာဆရာဖြစ်တဲ့ Sir Dr Allamah Muhammad Iqbal(r.a)ကို ပြရပါမယ်။ သူ့ကဗျာတွေမှာ မွတ်စလင်လူငယ်တစ်ဦး ဘယ်လို လုံ့လဝီရိယရှိရမယ်၊ သဘောထား ဘယ်လိုထားရမယ်၊ ကမ္ဘာကြီးကို ဘယ်လိုအကျိုးပြုနိုင်ရမယ်၊ ဘယ်လိုဦးဆောင်ရမယ် ဆိုတာတွေကို ပြသနေပါတယ်။ နောက်ပြီးတော့ Mathnavi ကျမ်းရှင် စာဆိုတော် Allamah Rumi (r.a) လည်း အနှစ်သက်ဆုံးတွေထဲကပဲ ဖြစ်ပါတယ်။ Divine Love ကို တကယ် ဂဃနဏသိချင်၊ ခံစားချင်ရင် သူ့ကဗျာတွေ၊ စာအုပ်တွေဖတ်မှဖြစ်မယ်လို့ ထင်ပါတယ်။ တစ်ခြား အူရ်ဒူကဗျာဆရာတွေထဲက Mirza Asadullah Ghalib၊ မြန်မာကဗျာဆရာ၊စာရေးဆရာတွေထဲက ဆရာဇော်ဂျီ၊ ဆရာတင်မိုး၊ သခင်ကိုယ်တော်မှိုင်း၊ ကဗျာဆရာမငွေတာရီ၊ ဆရာမောင်ခင်မင်(ဓနုဖြူ) တို့လည်း နှစ်သက်ရတဲ့ ပုဂ္ဂိုလ်တွေထဲကပါ။ ”

AG: The Art Garden Rohingya Page နဲ့ တခြားနေရာတွေမှာ ခင်ဗျားရဲ့ ကဗျာ ဘယ်နှစ်ပုဒ် ရွေးချယ်ဖော်ပြခံရပြီလဲ။
NC: “ The Art Garden Rohingya၊ Ro Art နဲ့ Rohingya Blogger အပါအဝင် website တွေမှာ စုစုပေါင်း ကဗျာ (၁၅)ပုဒ်လောက် ဖော်ပြခံရပါတယ်။ ”

AG: ပထမဆုံး ရွေးချယ်ဖော်ပြခံရတဲ့ ကဗျာကရော ဘယ်ကဗျာပါလဲ။ အဲ့လို ရွေးချယ်ဖော်ပြခံရတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။ ခံစားချက်လေး မျှဝေပါ။
NC: “ ပထမဆုံးရွေးချယ်ဖော်ပြခံရတဲ့ ကဗျာကတော့ ယခု Art Garden ပေ့ချ်၊ ယခင် Ro Art က ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလတုန်းက ပြုလုပ်တဲ့ “ပုံသရုပ်ဖော်ပြိုင်ပွဲ အမှတ်စဉ်(၁)” မှာ အကောင်းဆုံးကဗျာအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ “ရိုမိခင်၏ ရင်တွင်းငိုသံ” ကဗျာပဲ ဖြစ်ပါတယ်။ အဲ့ဒါက ကျနော့်ရဲ့ ပထမဆုံးရွေးချယ်ခံရတဲ့ကဗျာလည်းဖြစ်၊ အကောင်းဆုံးအနေနဲ့လည်း ရွေးချယ်ခံရတော့ စိတ်ထဲမှာ လွန်စွာပီတိဖြစ်ရပါတယ်။ အဲ့ဒီလို ဖြစ်နိုင်ဖို့အတွက် ကျနော် ကဗျာတွေစရေးဖို့ လမ်းခင်းပေးခဲ့တဲ့၊ ကဗျာတွေရေးဖို့ လှုံ့ဆော်အားပေးခဲ့တဲ့ ကဗျာဆရာ ယျာတင်(ရိုဟင်းသား)နဲ့ ဆရာ မောင်အဗ်ဒုလ်ခါန်းတို့ အဒ်မင်န်(Admin) အဖွဲ့ကို အင်မတန် ကျေးဇူးတင်မိပါတယ်။

AG: ဘဝမှာ ဘာဖြစ်ချင်ပါလဲ။ ဆိုလိုချင်တာက ဘဝ ရည်မှန်းချက်က ဘာလဲပေါ့။
NC: “ ကျနော် ငယ်ငယ်တုန်းက စာတွေဖတ်ရင် ဒီလိုစာတွေ ကျနော်လည်း ဘယ်လိုရေးနိုင်မလဲ၊ ဘယ်အချိန်မှာ ရေးနိုင်မလဲဆိုတာကို စိတ်ကူးနေမိတယ်။ ပြောရရင် စာရေးဆရာတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ စားရေးဆရာတစ်ယောက်ဖြစ်နိုင်ရန် မလွယ်ကူပေမဲ့၊ ပညာဆက်လက်သင်ကြားနိုင်ရေးလဲ အဘက်ဘက်က လမ်းပိတ်နေတာကြောင့် ကိုယ့်မှာရှိတဲ့အစွမ်းအစနဲ့ စာအုပ်တွေရှာဖတ်ရင်း၊ ရှေးခေတ်နဲ့ယခုခေတ်စာရေးဆရာတွေရဲ့ နည်းနာနိဿယတွေကို ယူရင်းနဲ့ ဆက်လက်ကြိုးစားနေပါတယ်။ ”

AG: ဘဝရဲ့ စံပြပုဂ္ဂိုလ် (ဟီရိုး) က ဘယ်သူပါလဲ။
NC: “ ကျနော့်ဘဝရဲ့ စံပြပုဂ္ဂိုလ်က တစ်ခြားမဟုတ်ပါဘူး။ ကျနော့်ဘဝကို ဦးစွားပျိုးထောင်ပေးခဲ့သူ၊ ကျနော့်ကို လောကီ၊လောကုတ္တရာ အသိအမြင်တွေ သင်ကြားပေးခဲ့သူ၊ ကျနော့်ရဲ့ လက်ဦးဆရာ ကျေးဇူးရှင်ကြီး ကျွန်ုပ်ရဲ့ဖခင်ပဲဖြစ်ပါတယ်။ သူကအရာရာမှာ ပညာသားပါပါ ဆုံးဖြတ်တတ်တယ်။ ရိုးသားတယ်။ အသိဉာဏ်ကြွယ်ဝတယ်။ မိသားစုရော ပတ်ဝန်းကျင်ကိုပါ ဦးဆောင်တတ်တယ်။ အဲ့ဒါကြောင့် သူဟာ ကျနော့်ဘဝရဲ့ ဟီရိုးဖြစ်ရကြောင်းပါ။ ”

AG: ကိုဗစ် ၁၉ ကပ်ရောဂါဘေးကြီး ပျံ့နှံ့ကူးစက်နေတဲ့ အချိန်ကာလမှာ ခင်ဗျားရဲ့ အတွေ့အကြုံလေး ပြောပြပါလား။ ကိုဗစ် ၁၉ ရဲ့ သက်ရောက်မှုက ခင်ဗျားနဲ့ ခင်ဗျာ့း မိသားစုအပေါ် ဘယ်လိုများ ရှိပါသလဲ။
NC: “ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးကို အနည်းနှင့်အများ ခံစားနေရပါတယ်။ ဒီကပ်ရောဂါကြီးကြောင့် တစ်ကမ္ဘာလုံးမှာ ကန့်သတ်ချက်တွေရှိနေသလို ကျနော့်မိသားစုအပေါ်မှာလည်းပဲ သက်ရောက်မှု effect တွေရှိနေပါတယ်။ စားဝတ်နေရေး ကျပ်တည်းမှုတွေ ရှိနေပါတယ်။ ဒီ ခြိမ်းခြောက်မှုတွေ ကန့်သတ်ချက်တွေ ဖြေလျှော့နိုင်အောင် ကျွန်ုပ်တို့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး ကပ်ရောဂါကြီးကို တညီတညွှတ် ရင်ဆိုင်ဖြေရှင်းရမှာပါ။ ဒါမှသာ ကမ္ဘာကြီးမှာ လုံလုံခြုံခြုံ နေထိုင်နိုင်မှာပါ။ ”

AG: ခင်ဗျား လက်ရှိ နေထိုင်တဲ့ဒေသမှာ အင်တာနက် ချိတ်ဆက်မှုကော့ အဆင်ပြေရဲ့လား။ တကယ်လို့ အဆင်မပြေဘူး ဒါမှမဟုတ် ပိတ်ပင်ထားတယ် ဆိုရင် ခင်ဗျားရဲ့ နေ့စဉ်ဘဝတွင် ဘယ်လိုများ သက်ရောက်မှုများ ရှိမယ်လို့ ထင်ပါသလဲ။ ခံစားချက်လေး ပြောပြပါ။
NC: “ ကျနော်တို့ဒေသမှာ အင်တာနက်အဆင်မပြေတာ တစ်နှစ်ကျော်ကျော် ရှိနေပါပြီ။ ပထမက အင်တာနက် လုံးလုံးလျားလျား ပိတ်ပင်ထားတာပါပဲ။ နောက်မှာ “အင်တာနက်လိုင်းဖွင့်ပေးထားသည်”ဟု အစိုးရက ကြေညာထားပေမယ့် 2G အဆင့်သာရှိနေလို့ ဘာကိုမှ အဆင်မပြေ ဖွင့်ပေးထားရုံသာ ရှိတာပါ။ ကြောက်မက်ဖွယ် ကပ်ရောဂါဘေး ဆိုက်နေချိန်ဖြစ်တာကြောင့် နေ့စဉ် ကျန်းမာရေးသတင်း အချက်အလက်တွေ ရရှိဖို့ကား ပြည်သူအတွက် အင်မတန် အရေးကြီးနေပါတယ်။ 4G လိုင်းရှိတုန်း အွန်လိုင်းကနေ သတင်းအချက်အလက်တွေ၊ ပညာဗဟုသုတရ စာအုပ်စာပေတွေ လွယ်လွယ်လေးနဲ့ ရှာဖွေလေ့လာနိုင်ခဲ့ပေမယ့် ယခုတော့ လုံးဝအဆင်မပြေဘူး ဖြစ်နေပါတယ်။ ”

AG: ရိုဟင်ဂျာလူငယ်မျိုးဆက်တွေအတွက် သတင်းစကားလေး ဘာများ ပါးချင်ပါလဲ။
NC: “ ရိုဟင်ဂျာမျိုးဆက်သစ်လူငယ်တွေကို ပြောချင်တာက ကျွန်ုပ်တို့ရိုဟင်ဂျာတွေရဲ့ အတိတ်ဟာ ပတ်ဝန်းကျင်မှာရှိတဲ့ ကျန်တဲ့သူတွေထက် အဆပေါင်းများစွာ သာယာပြောင်မြောက်ခဲ့သလိုမျိုး နောင်အခါလည်း အမှောင်ထုမှ လွတ်မြောက်ပြီး ထွန်းလင်းတောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရအောင်၊ မျက်မှောက်ခေတ်နဲ့ အနာဂတ်မျိုးဆက်သစ်တွေရဲ့ အပြစ်ပုံချမခံရလေအောင် ကိုယ့်အားကိုယ်ကိုး ကိုယ့်သမိုင်း ကိုယ်ရေးကြပါ။ ဘယ်နည်းနဲ့မျှမဆို ပညာတတ်မြောက်အောင် ကြိုးစားကြပါ။ ရှေးခေါင်းဆောင်ကောင်းတွေရဲ့ နည်းနာနိဿယတို့ကို ယူကြပါ လို့ သတင်းပါးချင်ပါတယ်။ ”

AG: ရိုဟင်ဂျာအသိုင်းအဝိုင်းတစ်ခုလုံးအတွက်ရော ပါးချင်တဲ့ သတင်းစကားလေးက ဘာများဖြစ်ပါမလဲ။
NC: “ လေးစားအပ်တဲ့ ရိုဟင်ဂျာလူကြီးတွေအနေနဲ့လည်း “Sollúkor nó faarót solé” ဆိုသလိုမျိုး စည်းစည်းလုံးလုံးနဲ့ ညီညီညွှတ်ညွှတ် လက်တွဲပြီး လူမျိုးတုန်းသတ်ဖြတ်ခံနေရတဲ့ တို့လူမျိုးကို ကယ်တင်နိုင်အောင် ကြိုးစားကြပါလို့ သတင်းစကားပါးလိုက်ရင်းနဲ့ တောင်းဆိုချင်ပါတယ်။”

AG: အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် The Art Garden Rohingya မှ ကျေးဇူးတင်ပါတယ်။
NC: “ ကျနော်လည်း အခုလို ကျနော့်ရဲ့ သဘောထားအမြင်တွေကို ဖွင့်ချခွင့်ပေးတဲ့ The Art Garden Rohingya ရဲ့ အယ်ဒီတာအဖွဲ့နဲ့ စိတ်ရှည်လက်ရှည် ဖတ်ပေးတဲ့ စာဖတ်ပရိသတ်တွေကို အထူးကျေးဇူးတင်ပါတယ်။ ”

 

[Zawgyi]

The Art Garden Rohingya Interview

“ရိုဟင္ဂ်ာေတြရဲ႕ ရင္တြင္းခံစားခ်က္ေတြ ကမၻာသူကမၻာသားသိနိုင္ေအာင္၊ ရိုဟင္ဂ်ာလူမႈအသိုင္းအဝိုင္း ျပဳ​​ျပင္ေျပာင္းလဲမႈ ဘက္ကိုအာ႐ုံစိုက္လာေအာင္ ကဗ်ာေရးေနတာပါ” ဆိုသူ လူငယ္ကဗ်ာဆရာ ၿငိမ္းခ်မ္းနဂ်မ္း (ရိုခရီးသည္) ႏွင့္ The Art Garden Rohingya အင္တာဗ်ဴ

၂၀၂၀ ျပည့္ႏွစ္၊ စက္တင္ဘာလ (၂၅) ရက္။

The Art Garden Rohingya သည္ လူမွုအေျချပဳ စာေပအႏုပညာ website ျဖစ္ပါသည္။ ကၽြန္ုပ္တို့ The Art Garden Rohingya သည္ ရိုဟင္ဂ်ာတို့၏ စာေပ၊ အႏုပညာ၊ ယဥ္ေက်းမွု၊ ရိုးရာဓေလ့မ်ားကို ေဖာ္ေဆာင္ေပးေနသည့္ စာေပအႏုပညာခ်စ္ျမတ္နိုးေသာ ရိုဟင္ဂ်ာလူငယ္ ကဗ်ာဆရာမ်ားႏွင့္ အႏုပညာရွင္မ်ားကို အားေပးအားေျမႇာက္ျပဳလိုသည့္ရည္ရြယ္ခ်က္ျဖင့္ ကဗ်ာလကၤာႏွင့္ အႏုပညာလက္ရာမ်ားကို ပုံႏွိပ္၍ေသာ္လည္းေကာင္း၊ အြန္လိုင္းစာမ်က္ႏွာမ်ားတြင္ မၽွေဝ၍ေသာ္လည္းေကာင္း တင္ျပလ်က္ရွိပါသည္။ ရိုဟင္ဂ်ာလူငယ္ ကဗ်ာဆရာမ်ားႏွင့္ အႏုပညာရွင္မ်ားသည္ ကဗ်ာစာေပႏွင့္ အႏုပညာအေပၚ ယုံၾကည္မွုႏွင့္ စိတ္သေဘာထား မည္သို့ ရွိေၾကာင္းကို သိရွိနိုင္ျခင္းငွါ ကဗ်ာဆရာမ်ား၊ အႏုပညာရွင္မ်ားႏွင့္ ေမးျမန္းမွုျပဳလုပ္သည့္ အင္တာဗ်ဴးက႑ကို တင္ဆက္လိုက္ပါသည္။

အင္တာဗ်ဴးထဲက ထင္ျမင္ယူဆခ်က္၊ ခံယူခ်က္ စသည္တို့သည္ ကဗ်ာဆရာ၊ အႏုပညာရွင္တို့၏ အာေဘာ္သာျဖစ္ၿပီး၊ the Art Garden Rohingya ၏ အာေဘာ္မဟုတ္ေၾကာင္း အေလးအနက္ သိေစအပ္ပါသည္။

AG: ခင္ဗ်ားရဲ႕ ကိုယ္ေရးအက်ဥ္းေလး မိတ္ဆက္ေပးပါ။
NC: “ကြ်န္ေတာ္ကေတာ့ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္က အသက္(၂၅)ႏွစ္အရြယ္ ရိုဟင္ဂ်ာလူငယ္ တစ္ေယာက္ျဖစ္တဲ့ ၿငိမ္းခ်မ္းနဂ်မ္း(ရိုခရီးသည္) ပဲျဖစ္ပါတယ္။”

AG: ကေလးဘဝက အေကာင္းဆုံး အမွတ္တရ တစ္ခုေလာက္ ေျပာျပပါလား ခင္ဗ်ား။
NC: “ ကေလးဘဝတုန္းက လသာတဲ့ညေတြမွာ ညေနစာ ေစာေစာစားလိုက္ၿပီးေတာ့ အိမ္အျပင္ထြက္ အိမ္နီးခ်င္းက အေပါင္းအေဖာ္ ကေလးေတြနဲ႔ ဟစ္ကာေအာ္ကာ ထုပ္ဆီးတိုးကစားတာ၊ စိန္ေျပးတမ္းကစားတာ စတဲ့ ကစားနည္းအမ်ိဳးမ်ိဳးနဲ႔ အပန္းေျပ ေပ်ာ္ျမဴးကစားခဲ့တာေတြက ကၽြန္ုပ္အတြက္ အေကာင္းဆုံးအမွတ္တရအေနနဲ႔ စိတ္ထဲမွာ ကမၸည္းထိုးထားသလို က်န္ရွိေနပါတယ္။ ကေလးဘဝရဲ႕ အေပ်ာ္ရႊင္ဆံုးအခ်ိန္ဆိုရင္လည္း မမွားပါဘူး။ အဲ့ဒီလို ညအခါ လသာသာတြင္ ကေလးေတြ ေပ်ာ္ပါးကစားတဲ့ ကစားပြဲေတြကေတာ့ ယေန႔ ေမွးမွိန္ေပ်ာက္ကြယ္သြားၿပီ။ ၂၀၁၂ ခု အေရးအခင္းေနာက္ပိုင္းမွာဆို ရိုဟင္ဂ်ာကေလးေတြအတြက္ ပုံျပင္အျဖစ္နဲ႔သာ က်န္ရွိေနပါေတာ့တယ္။ ”

AG: ခင္ဗ်ားရဲ့ ပညာေရး ေနာက္ခံ အေၾကာင္းေလး ေျပာျပပါဦး။
NC: “ ကၽြန္ေတာ္ကေတာ့ ၂၀၁၅ ခုႏွစ္မွာ တကၠသိုလ္ဝင္တန္းေအာင္ျမင္ခဲ့ပါတယ္။ အမွတ္က သိပ္မနည္းေပမဲ့ ရိုဟင္ဂ်ာလူမ်ိဳးအျဖစ္ေမြးဖြားလာတာ ေမြးရာပါဆုံးရွုံးမွုတစ္ခုလိုျဖစ္ေနၿပီဆိုေတာ့ တကၠသိုလ္တက္ၿပီး အဆင့္ျမင့္ပညာကို ဆက္လက္သင္ယူခြင့္မရရွိခဲ့ပါဘူး။ ယခုအခါေတာ့ ရိုဟင္ဂ်ာထြန္းသစ္စ စာသင္သားလူငယ္ေတြကို စာေတြသင္ျပ၊ ကဗ်ာေလးေတြေရးရင္းနဲ႔ အြန္လိုင္းကေန ရရာနည္းနဲ႔ ပညာ ဆက္လက္ ေလ့လာသင္ယူေနဆဲပဲျဖစ္ပါတယ္။ ”

AG : ဘယ္အရာက ခင္ဗ်ားကို ကဗ်ာေရးဖြဲ႕ဖို႔ လံႈ႕ေဆာ္ခဲ့တာလဲ။ ကဗ်ာေတြ ေရးျဖစ္တဲ့ အေၾကာင္းေလးေပါ့။ အဲ့ဒါေလး ခဏေျပာျပပါ။
NC: “ ကၽြန္ေတာ္က ငယ္ငယ္ကတည္းက ကဗ်ာေတြေရးဖို့၊ စာေတြေရးဖို့အာသီသ ပါလာခဲ့ပါတယ္။ အ​ေၾကာင္းကေတာ့ ကၽြန္ေတာ္ ငယ္ငယ္တုန္းကေန ကၽြန္ေတာ့္ဘဝေက်းဇူးရွင္ ကၽြန္ေတာ့္ဖခင္မွာ အာရဗီလို ကဗ်ာေလးေတြေရး၊ကဗ်ာေတြရြတ္ဆိုတဲ့ အေလ့ရွိတဲ့ကေန ကၽြန္ေတာ္လည္း နီးနီးကပ္ကပ္ပဲ ဒါေတြကိုေတြ႕ရင္း၊ၾကားရင္းနဲ႔ ကိုယ္အားသန္တဲ့ဘာသာစကားနဲ႔ ကဗ်ာေတြေရးဖို႔ စိတ္ဝင္စားလာတာျဖစ္ပါတယ္။ ယခု အြန္လိုင္းေခတ္ဆိုေတာ့ ကၽြန္ုပ္တို႔ရိုဟင္ဂ်ာေတြ ေန႔စဥ္ၾကဳံေတြ႕ေနရတဲ့ အျဖစ္အပ်က္ေတြကို ကမၻာသူကမၻာသားေတြသိနိုင္ေအာင္၊ ရိုဟင္ဂ်ာအသိုင္းအဝိုင္းကလည္း ကြ်န္ုပ္တို႔ ေန႔စဥ္ဘာေတြၾကဳံေတြ႕ေနရသလဲဆိုတာ တကယ့္ခံစားတတ္လာေအာင္၊ ျပဳ​​ျပင္ေျပာင္းလဲမႈ ဘက္ကိုအာ႐ုံစိုက္လာေအာင္ ဆိုၿပီးေတာ့ ရည္ရြယ္ၿပီး အြန္လိုင္း ပလက္ေဖာင္းေတြကေနတစ္ဆင့္ က​ဗ်ာေရး ျဖစ္လာတာပါ။”

AG: ခင္ဗ်ားရဲ႕ အႏွစ္သက္ဆုံး ကဗ်ာဆရာ သို႔မဟုတ္ စာေရးဆရာက ဘယ္သူျဖစ္မလဲ။ ဘာေၾကာင့္ သူ႔ကို သေဘာက် ႏွစ္သက္တာလဲ။
NC: “ က်ေနာ့္ရဲ့ အႏွစ္သက္ဆုံးကဗ်ာဆရာကို ​ျပရမယ္ဆိုရင္ အေရွ႕တိုင္းရဲ႕ အေက်ာ္အေမာ္ကဗ်ာဆရာျဖစ္တဲ့ Sir Dr Allamah Muhammad Iqbal(r.a)ကို ျပရပါမယ္။ သူ႔ကဗ်ာေတြမွာ မြတ္စလင္လူငယ္တစ္ဦး ဘယ္လို လုံ႔လဝီရိယရိွရမယ္၊ သေဘာထား ဘယ္လိုထားရမယ္၊ ကမၻာႀကီးကို ဘယ္လိုအက်ိဳးျပဳနိုင္ရမယ္၊ ဘယ္လိုဦးေဆာင္ရမယ္ ဆိုတာေတြကို ျပသေနပါတယ္။ ေနာက္ၿပီးေတာ့ Mathnavi က်မ္းရွင္ စာဆိုေတာ္ Allamah Rumi (r.a) လည္း အႏွစ္သက္ဆုံးေတြထဲကပဲ ျဖစ္ပါတယ္။ Divine Love ကို တကယ္ ဂဃနဏသိခ်င္၊ ခံစားခ်င္ရင္ သူ႔ကဗ်ာေတြ၊ စာအုပ္ေတြဖတ္မွျဖစ္မယ္လို႔ ထင္ပါတယ္။ တစ္ျခား အူရ္ဒူက​ဗ်ာဆရာေတြထဲက Mirza Asadullah Ghalib၊ ျမန္မာကဗ်ာဆရာ၊စာေရးဆရာေတြထဲက ဆရာေဇာ္ဂ်ီ၊ ဆရာတင္မိုး၊ သခင္ကိုယ္ေတာ္မွိုင္း၊ က​​ဗ်ာဆရာမေငြတာရီ၊ ဆရာေမာင္ခင္မင္(ဓႏုျဖဴ) တို့လည္း ႏွစ္သက္ရတဲ့ ပုဂၢိဳလ္ေတြထဲကပါ။ ”

AG: The Art Garden Rohingya Page နဲ႔ တျခားေနရာေတြမွာ ခင္ဗ်ားရဲ့ ကဗ်ာ ဘယ္ႏွစ္ပုဒ္ ေရြးခ်ယ္ေဖာ္ျပခံရၿပီလဲ။
NC: “ The Art Garden Rohingya၊ Ro Art နဲ႔ Rohingya Blogger အပါအဝင္ website ေတြမွာ စုစုေပါင္း ကဗ်ာ (၁၅)ပုဒ္ေလာက္ ေဖာ္ျပခံရပါတယ္။ ”

AG: ပထမဆုံး ေရြးခ်ယ္ေဖာ္ျပခံရတဲ့ ကဗ်ာကေရာ ဘယ္ကဗ်ာပါလဲ။ အဲ့လို ေရြးခ်ယ္ေဖာ္ျပခံရတဲ့အခ်ိန္မွာ ဘယ္လိုခံစားရလဲ။ ခံစားခ်က္ေလး မၽွေဝပါ။
NC: “ ပထမဆုံးေရြးခ်ယ္ေဖာ္ျပခံရတဲ့ က​​ဗ်ာကေတာ့ ယခု Art Garden ေပ့ခ်္၊ ယခင္ Ro Art က ၂၀၁၇ခုႏွစ္၊ နိုဝင္ဘာလတုန္းက ျပဳလုပ္တဲ့ “ပုံသ႐ုပ္ေဖာ္ၿပိဳင္ပြဲ အမွတ္စဥ္(၁)” မွာ အေကာင္းဆုံးကဗ်ာအျဖစ္ ေရြးခ်ယ္ခံခဲ့ရတဲ့ “ရိုမိခင္၏ ရင္တြင္းငိုသံ” ကဗ်ာပဲ ျဖစ္ပါတယ္။ အဲ့ဒါက က်ေနာ့္ရဲ႕ ပထမဆုံးေရြးခ်ယ္ခံရတဲ့က​ဗ်ာလည္းျဖစ္၊ အေကာင္းဆုံးအေနနဲ႔လည္း ေရြးခ်ယ္ခံရေတာ့ စိတ္ထဲမွာ လြန္စြာပီတိျဖစ္ရပါတယ္။ အဲ့ဒီလို ျဖစ္နိုင္ဖို႔အတြက္ က်ေနာ္ က​ဗ်ာေတြစေရးဖို႔ လမ္းခင္းေပးခဲ့တဲ့၊ ကဗ်ာေတြေရးဖို႔ လံႈ႕ေဆာ္အားေပးခဲ့တဲ့ က​ဗ်ာဆရာ ယ်ာတင္(ရိုဟင္းသား)နဲ႔ ဆရာ ေမာင္အဗ္ဒုလ္ခါန္းတို့ အဒ္မင္န္(Admin) အဖြဲ႕ကို အင္မတန္ ေက်းဇူးတင္မိပါတယ္။ ယခုလည္း

AG: ဘဝမွာ ဘာျဖစ္ခ်င္ပါလဲ။ ဆိုလိုခ်င္တာက ဘဝ ရည္မွန္းခ်က္က ဘာလဲေပါ့။
NC: “ က်ေနာ္ ငယ္ငယ္တုန္းက စာေတြဖတ္ရင္ ဒီလိုစာေတြ က်ေနာ္လည္း ဘယ္လိုေရးနိုင္မလဲ၊ ဘယ္အခ်ိန္မွာ ေရးနိုင္မလဲဆိုတာကို စိတ္ကူးေနမိတယ္။ ေျပာရရင္ စာေရးဆရာတစ္ေယာက္ ျဖစ္ခ်င္ခဲ့တာပါ။ ဒါေပမဲ့ စားေရးဆရာတစ္ေယာက္ျဖစ္နိုင္ရန္ မလြယ္ကူေပမဲ့၊ ပညာဆက္လက္သင္ၾကားနိုင္ေရးလဲ အဘက္ဘက္က လမ္းပိတ္ေနတာေၾကာင့္ ကိုယ့္မွာရွိတဲ့အစြမ္းအစနဲ႔ စာအုပ္ေတြရွာဖတ္ရင္း၊ ေရွးေခတ္နဲ႔ယခုေခတ္စာေရးဆရာေတြရဲ့ နည္းနာနိႆယေတြကို ယူရင္းနဲ႔ ဆက္လက္ႀကိဳးစားေနပါတယ္။ ”

AG: ဘဝရဲ႕ စံျပပုဂၢိဳလ္ (ဟီရိုး) က ဘယ္သူပါလဲ။
NC: “ က်ေနာ့္ဘဝရဲ႕ စံျပပုဂၢိဳလ္က တစ္ျခားမဟုတ္ပါဘူး။ က်ေနာ့္ဘဝကို ဦးစြားပ်ိဳးေထာင္ေပးခဲ့သူ၊ က်ေနာ့္ကို ေလာကီ၊ေလာကုတၱရာ အသိအျမင္ေတြ သင္ၾကားေပးခဲ့သူ၊ က်ေနာ့္ရဲ႕ လက္ဦးဆရာ ေက်းဇူးရွင္ႀကီး ကၽြန္ုပ္ရဲ႕ဖခင္ပဲျဖစ္ပါတယ္။ သူကအရာရာမွာ ပညာသားပါပါ ဆုံးျဖတ္တတ္တယ္။ ရိုးသားတယ္။ အသိဉာဏ္ႂကြယ္ဝတယ္။ မိသားစုေရာ ပတ္ဝန္းက်င္ကိုပါ ဦးေဆာင္တတ္တယ္။ အဲ့ဒါ​ေၾကာင့္ သူဟာ က်ေနာ့္ဘဝရဲ႕ ဟီရိုးျဖစ္ရေၾကာင္းပါ။ ”

AG: ကိုဗစ္ ၁၉ ကပ္ေရာဂါေဘးႀကီး ပ်ံ႕ႏွံ႔ကူးစက္ေနတဲ့ အခ်ိန္ကာလမွာ ခင္ဗ်ားရဲ႕ အေတြ႕အႀကဳံေလး ေျပာျပပါလား။ ကိုဗစ္ ၁၉ ရဲ႕ သက္ေရာက္မႈက ခင္ဗ်ားနဲ႔ ခင္ဗ်ာ့း မိသားစုအေပၚ ဘယ္လိုမ်ား ရွိပါသလဲ။
NC: “ ကိုဗစ္ ၁၉ ကပ္ေရာဂါေၾကာင့္ ကမၻာသူ၊ ကမၻာသားအားလုံးကို အနည္းႏွင့္အမ်ား ခံစားေနရပါတယ္။ ဒီကပ္ေရာဂါႀကီး​ေၾကာင့္ တစ္ကမၻာလုံးမွာ ကန႔္သတ္ခ်က္ေတြရွိေနသလို က်ေနာ့္မိသားစုအေပၚမွာလည္းပဲ သက္ေရာက္မႈ effect ေတြရွိေနပါတယ္။ စားဝတ္ေနေရး က်ပ္တည္းမႈေတြ ရိွေနပါတယ္။ ဒီ ၿခိမ္းေျခာက္မႈေတြ ကန႔္သတ္ခ်က္ေတြ ေျဖ​ေလၽွာ့နိုင္ေအာင္ ကၽြန္ုပ္တို့အေနနဲ႔ အျမင္က်ယ္က်ယ္ထားၿပီး ကပ္ေရာဂါႀကီးကို တညီတၫႊတ္ ရင္ဆိုင္ေျဖရွင္းရမွာပါ။ ဒါမွသာ ကမၻာႀကီးမွာ လုံလုံၿခဳံၿခဳံ ေနထိုင္နိုင္မွာပါ။ ”

AG: ခင္ဗ်ား လက္ရွိ ေနထိုင္တဲ့ေဒသမွာ အင္တာနက္ ခ်ိတ္ဆက္မႈေကာ့ အဆင္ေျပရဲ႕လား။ တကယ္လို့ အဆင္မေျပဘူး ဒါမွမဟုတ္ ပိတ္ပင္ထားတယ္ ဆိုရင္ ခင္ဗ်ားရဲ့ ေန႔စဥ္ဘဝတြင္ ဘယ္လိုမ်ား သက္ေရာက္မွုမ်ား ရွိမယ္လို့ ထင္ပါသလဲ။ ခံစားခ်က္ေလး ေျပာျပပါ။
NC: “ က်ေနာ္တို့ေဒသမွာ အင္တာနက္အဆင္မေျပတာ တစ္ႏွစ္ေက်ာ္ေက်ာ္ ရွိေနပါၿပီ။ ပထမက အင္တာနက္ လုံးလုံးလ်ားလ်ား ပိတ္ပင္ထားတာပါပဲ။ ေနာက္မွာ “အင္တာနက္လိုင္းဖြင့္ေပးထားသည္”ဟု အစိုးရက ေၾကညာထားေပမယ့္ 2G အဆင့္သာရွိေနလို႔ ဘာကိုမွ အဆင္မေျပ ဖြင့္ေပးထား႐ံုသာ ရိွတာပါ။ ေၾကာက္မက္ဖြယ္ ကပ္ေရာဂါေဘး ဆိုက္ေနခ်ိန္ျဖစ္တာေၾကာင့္ ေန႔စဥ္ က်န္းမာေရးသတင္း အခ်က္အလက္ေတြ ရရိွဖို႔ကား ျပည္သူအတြက္ အင္မတန္ အေရးႀကီးေနပါတယ္။ 4G လိုင္းရွိတုန္း အြန္လိုင္းကေန သတင္းအခ်က္အလက္ေတြ၊ ပညာဗဟုသုတရ စာအုပ္စာေပေတြ လြယ္လြယ္ေလးနဲ႔ ရွာေဖြေလ့လာႏိုင္ခဲ့ေပမယ့္ ယခုေတာ့ လုံးဝအဆင္မေျပဘူး ျဖစ္ေနပါတယ္။ ”

AG: ရိုဟင္ဂ်ာလူငယ္မ်ိဳးဆက္ေတြအတြက္ သတင္းစကားေလး ဘာမ်ား ပါးခ်င္ပါလဲ။
NC: “ ရိုဟင္ဂ်ာမ်ိဳးဆက္သစ္လူငယ္ေတြကို ေျပာခ်င္တာက ကၽြန္ုပ္တို႔ရိုဟင္ဂ်ာေတြရဲ႕ အတိတ္ဟာ ပတ္ဝန္းက်င္မွာရွိတဲ့ က်န္တဲ့သူေတြထက္ အဆေပါင္းမ်ားစြာ သာယာေျပာင္ေျမာက္ခဲ့သလိုမ်ိဳး ေနာင္အခါလည္း အေမွာင္ထုမွ လြတ္ေျမာက္ၿပီး ထြန္းလင္းေတာက္ပတဲ့ အနာဂတ္ကို ပိုင္ဆိုင္ရေအာင္၊ မ်က္ေမွာက္ေခတ္နဲ႔ အနာဂတ္မ်ိဳးဆက္သစ္ေတြရဲ႕ အျပစ္ပုံခ်မခံရေလေအာင္ ကိုယ့္အားကိုယ္ကိုး ကိုယ့္သမိုင္း ကိုယ္ေရးၾကပါ။ ဘယ္နည္းနဲ႔မၽွမဆို ပညာတတ္ေျမာက္ေအာင္ ႀကိဳးစားၾကပါ။ ေရွးေခါင္းေဆာင္ေကာင္းေတြရဲ႕ နည္းနာနိႆယတို႔ကို ယူၾကပါ လို႔ သတင္းပါးခ်င္ပါတယ္။ ”

AG: ရိုဟင္ဂ်ာအသိုင္းအဝိုင္းတစ္ခုလုံးအတြက္ေရာ ပါးခ်င္တဲ့ သတင္းစကားေလးက ဘာမ်ားျဖစ္ပါမလဲ။
NC: “ ေလးစားအပ္တဲ့ ရိုဟင္ဂ်ာလူႀကီးေတြအေနနဲ႔လည္း “Sollúkor nó faarót solé” ဆိုသလိုမ်ိဳး စည္းစည္းလုံးလုံးနဲ႔ ညီညီညႊတ္ညႊတ္ လက္တြဲၿပီး လူမ်ိဳးတုန္းသတ္ျဖတ္ခံေနရတဲ့ တို႔လူမ်ဳိးကို ကယ္တင္ႏိုင္ေအာင္ ႀကိဳးစားၾကပါလို႔ သတင္းစကားပါးလိုက္ရင္းနဲ႔ ေတာင္းဆိုခ်င္ပါတယ္။”

AG: အခုလို စိတ္ရွည္လက္ရွည္ ေျဖၾကားေပးတဲ့အတြက္ The Art Garden Rohingya မွ ေက်းဇူးတင္ပါတယ္။
NC: “ က်ေနာ္လည္း အခုလို က်ေနာ့္ရဲ့ သေဘာထားအျမင္ေတြကို ဖြင့္ခ်ခြင့္ေပးတဲ့ The Art Garden Rohingya ရဲ႕ အယ္ဒီတာအဖြဲ႕နဲ႔ စိတ္ရွည္လက္ရွည္ ဖတ္ေပးတဲ့ စာဖတ္ပရိသတ္ေတြကို အထူးေက်းဇူးတင္ပါတယ္။ ”

 

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website