The Blog

“ရုန်းထွက်ကြပါ တို့ရိုဟင်ဂျာ”

 

ချစ်ကြခင်ကြ ဆဆပွားလို့

စည်းကြိုးနှောင်ထား တို့လူငယ်

မျိုးစေ့အမှန် ခေတ်နောက်မပြန်

တွေးတောကြံဆ ရုန်းထွက်ကြ။

စိတ်မဆိုးကြေး မေတ္တာပွားလေ

စိတ်ဓာတ်ကြံ့ခိုင် သွေးမကွဲနိုင်

အမျိုးအရေး တို့အရေး

ထိပ်ထားကျေပွန် တစ်ထမ်းတည်း။

ညီကာစည်းကာ ရှေ့ဆက်ပါ

အများအကျိုး တို့အကျိုး

သယ်ရင်းပိုးရင်း အားဖြည့်ပါ

ချုံးချုံးကျတဲ့ အတိတ်ဘဝ

သိမ်ငယ်စိတ်ရဲ့ ပင့်ကူအိမ်မှ

ရုန်းထွက်ကြပါ တို့ရိုဟင်ဂျာ။

 

— TTM (အဏ္ဏဝါနီသွေး)

 

(15-07-2021)

Editorial Team

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website