The Blog

မင်း​ဖြေကြည့်ပါ ဘာဆန်ဂျာ

 

တစ်သက်တကျွန်းဆိုတာက ရာဇ၀တ်သားမဟုတ်တဲ့
ဒုက္ခသည်တွေလည်း ကျတာပဲလား?

က​လေး​ငယ်တွေနဲ့ အမျိုးသမီးတွေ
အာဟာရနပ်မမှန်လို့ ခန္ဓာကိုယ်ပိန်ချုံးချိနဲ့​​​နေကြတဲ့
သက်ကြီးရွယ်အို အဖိုးအဖွားတွေအားလုံးအတွက်
လူ့ဂုဏ်သိက္ခာနဲ့ လူ့တန်ဖိုး​တွေကဘယ်မှာလဲ ဘာဆန်ဂျာ?

ငါတို့ချစ်တဲ့ အကို​တွေ၊ ညီမငယ်​တွေ၊
အ​မေအို​တွေ ဆုံးရှုံးခဲ့ကြရတဲ့ ငါတို့အတွက်
ကိုယ်ချင်းစာတရားက ကွက်ကျားမိုးပဲ
ရွာတတ်ကြတာလား?

မုတ်သုန်ဆို အန္တရာယ်များလွန်းပြီး
အခြား​သောလူသတ္တ၀ါတွေ​တောင်မ​နေနိုင်တဲ့၊
(နေဖို့မသင့်တဲ့) မင်းဆီကိုပို့လိုက်ဖို့
ဘုရားသခင်ကိုယ်တိုင်က အမိန့်​ပေးလိုက်တာလား?

ကိုယ်ကြီးပြင်းရာ ဒေသ၊ အစစအရာရာ အသားကျ​နေတဲ့ အရပ်ကို ဘယ်သူကစွန့်ခွာချင်ပါ့မလဲ ဘာဆန်ဂျာ..
ဒါဆို ငါတို့ဘာလို့ ဒီ​ရောက်​နေလဲလို့​တော့မ​မေးပါနဲ့။

ငါတို့က စွန့်ခွာခဲ့တာ မဟုတ်ဘူး။
ငါတို့ကို ခွေးလိုနွားလို၊ အမှိုက်သရိုက်လို
မောင်းထုတ် စွန့်ပစ်ခံခဲ့ရတာပါ။

ငါတို့လိုဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်
ဒုက္ခရောက်​နေကြတာကို လက်ခုပ်လက်၀ါးတီးပြီး
အောင်ပွဲခံ​နေကြတဲ့ လူတစ်စုကို မေးခွန်းလေးတစ်ခုလောက် ရဲရဲကြီးမေးလိုက်စမ်းပါ ဘာဆန်ဂျာ….

မင်းတို့အားလုံး​သော ချစ်တဲ့မိသားစုတွေကိုယ်တိုင်
အဲ့ဒီလိုအလားတူ ဒုက္ခခံရမယ်ဆိုရင်​ရော
သား​ရေတများများနဲ့ ယခုလိုအရသာခံနိုင်ကြဦးမလား​ဆိုတာပေါ့….

-Rebel-

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website