The Blog

By Editorials

မိမိတို့ရိုဟင်​ဂျာများ ကာလရှည်​​ကြာ ​တွေ့ကြုံရင်​ဆိုင်​ ခံစားဖြတ်​သန်း လာရသည့်​ လူမျိုးတုံးသတ်​ဖြတ်​မှုလူလုပ်​ကပ်​ဘေး၊ ​နေ့စဉ်​ဘဝတွင်​ ​ကြုံ​တွေ့ခံစား​နေရသည့်​မတရား အနိုင်​ကျင့်​မှုများကို မိမိတို့ရိုဟင်​ဂျာများကိုယ်​တိုင်​ စာကမ္ဗည်းမှတ်​တမ်းတင်​ထား​ရေး ဖြစ်​ပါသည်​။

စာမူဖိတ်​​ခေါ်ခြင်း ကျွနု​ပ်​တို့ The Art Garden Rohingya Page ကိုတည်​​ထောင်​ရခြင်း၏ ရည်​ရွယ်​ချက်​များမှာ – –

– ကျွနု​ပ်​တို့ The Art Garden Rohingya Page တွင်​ က​ဗျာစာမူများကို ဦးစွာဖိတ်​​ခေါ်ခဲ့ရာ က​လောင်​ရှင်​ ရိုဟင်​ဂျာလူငယ်​များကလည်း စိတ်​အားပါဝင်​စွာဖြင့်​ မိမိတို့၏ ရင်​တွင်းဖြစ်​က​ဗျာ​ကောင်း များစွာကို အဆက်​မပြတ်​ ပို့​ပေးလာခဲ့ပါသည်​။ ၎င်းတို့ကို အယ်​ဒီတာအဖွဲ့မှ လိုအပ်​သလို တည်းဖြတ်​ကာ Page ​ပေါ် စဉ်​ဆက်​မပြတ်​ တင်​ဆက်​လာခဲ့သည်​မှာ က​ဗျာ​ပေါင်း (၃၅၀) ​ကျော်​အထိ ရှိလာခဲ့ပြီးဖြစ်​ပါသည်​။ လစဉ်​ပို့​ပေးလာ​သော က​ဗျာများထဲမှ အ​ကောင်းဆုံးက​ဗျာ ၁၀-ပုဒ်​ [အင်္ဂလိပ်​က​ဗျာ ၅-ပုဒ်​ + မြန်​မာက​ဗျာ ၅-ပုဒ်​] တို့ကိုလည်း ​​ရွေးချယ်​ကာ က​လောင်​ရှင်​များကို လစဉ်​ဂုဏ်​ပြုလျက်​ ရှိပါသည်​။

– ထို့​နောက်​ Boson_Maala ​ခေါ် ရိုဟင်​ဂျာစကားပုံ ကဏ္ဍကို တိုးမြှင့်​ကာ အချိန်​အခါအား​လျော်​စွာ တင်​ဆက်​လာခဲ့သည်​မှာလည်း အမှတ်​စဉ်​ (၈) အထိ ​ရောက်​ရှိလာခဲ့ပါသည်​။

– ယခုအခါ ကျွနု​ပ်​တို့ The Art Garden Rohingya Page သည်​ ရိုဟင်​ဂျာလူငယ်​များ၏ အ​တွေး​အ​ခေါ်၊ စာအ​ရေးအသား စသည်​တို့ တိုးတက်​လာ​ရေးကို ရည်​ရွယ်​ကာ ​နောက်​ထပ်​ ကဏ္ဍသစ်​တစ်​ခုကို တိုးမြှင့်​တင်​ဆက်​လိုပါသည်​။ ထိုကဏ္ဍသစ်​မှာ “အ​တွေးရတနာ” ​​ခေါင်းစဉ်​မည်​ ဒဿနကဏ္ဍဖြစ်​ပါသည်​။

– ဤ “အ​တွေးရတနာ” ဒဿနကဏ္ဍအတွက်​ စာမူများ ဖိတ်​​ခေါ်ပါသည်​။

– ဤကဏ္ဍတွင်​ပါဝင်​​ရေးသားလိုသူများသည်​ ​အောက်​၌​ဖော်​ပြထားသည့်​ သတ်​မှတ်​ချက်​များအတိုင်း စာမူများ ပို့​ပေးနိုင်​ပါ​သည်​။

(က) “အ​တွေးရတနာ – ဒဿနကဏ္ဍ” ဟု ​ခေါင်းစဉ်​တပ်​ကာ မိမိ၏ အ​တွေးများကို လိုရင်းတိုရှင်း ​ရေးရမယ်​။ စာ​ကြောင်း​ရေ (၃) ​ကြောင်းထက်​မပိုရပါ။

(ခ) မိမိကိုယ်​တိုင်​ ​ရေးသား​သောစာ ဖြစ်​ရမည်​။ သူတစ်​ပါးထံမှ ကူးယူ၍ ပို့​ပေးလာ​သော စာမူများ မဖြစ်​​စေရပါ။

(ဂ) အင်္ဂလိပ်​ဘာသာဖြင့်​ဖြစ်​​စေ၊ မြန်​မာဘာသာဖြင့်​ဖြစ်​​စေ ​ရေးသားပို့​ပေးနိုင်​ပါသည်။

(ဃ) Text File သာပို့ရမည်​။ တစ်​ကြိမ်​လျှင်​ အ​တွေးရတနာပုဒ်​​ရေ အကန့်​အသတ်​မရှိ ပို့​ပေးနိုင်​ပါသည်​။

(င) စာမူများကို theartgardenrohingyaeditors@gmail.com သို့မဟုတ်​ Page Message တို့မှတဆင့်​ ပို့​ပေးနိုင်​ပါသည်​။

(စ) စာမူများပို့​ပြီး တစ်​လအတွင်း၌ မိမိ၏စာသည်​ Page ​ပေါ် မပါလာခဲ့လျှင် ပယ်​စာရင်းထဲဝင်​သွားသည်​ဟု မှတ်​ယူနိုင်​ပါသည်​။ ဖယ်​ရသည့်​အ​ကြောင်းကို အယ်​ဒီတာအဖွဲ့မှ ရှင်းလင်းချက်​​ပေးမည်​မဟုတ်​ပါ။

* တွဲထား​သော Poster ကို နမူနာအဖြစ်​ကြည့်​ပါ။

15-9-2019 
The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website