The Blog

ညီ​လေးသို့ မှာတမ်း (၂)

ရေးဖွဲ့သူ – ယျာတင်​ (ရိုဟင်းသား)

ညီ​လေး... 
မင်းမှာသာ လွှတ်​​မြောက်​ချင်​စိတ်​ ပြင်းပြ​နေခဲ့ရင်း
လွှတ်​​မြောက်​မှုက ​မင်းနဲ့ ဝေးမ​နေ​တော့ဘူး
ဆိုစကားလည်း ရှိတယ်​​လေ
"ဆန္ဒရှိရင်​ နည်းလမ်းရှိတယ်​" တဲ့။
အမှန်​တရားကို လမ်​ခင်း 
သူရသတ္တိ​တွေ ရင်​ဝယ်​ပိုက်​ရင်း
လွတ်​​မြောက်​မှုပန်းတိုင်​သို့ ​ခြေဦး
နောက်​မဆုတ်​တမ်း ချီတက်​​နေဖို့​​တော့လိုတယ်
 ညီ​လေး။
ဖိနှိပ်​ခံ​နေရမှုက
မွေးရာပါ အ​မွေဆိုးတစ်​ခုဆို
ကိုယ့်​ရဲ့​သေတမ်းစာမှာ​တော့
ကိုယ်​တိုက်​ယူတဲ့ လွတ်​လပ်​မှုအ​ကြောင်း
ဂုဏ်​ယူစွာ​ ကမ္ဗည်းတင်​နိုင်​ဖို့
ယ​ခုကစ သန္နိဌာန်​ချမှတ်​လိုက်​စမ်းပါ။
ညီ​လေး... 
နေမင်း ဆိုတာ ​နေ့မှာပဲ ​ပေါ်ထွန်းလာတယ်
ကြယ်​စင်​​တွေလည်း ညမှာပဲ ထွန်းလင်းလာတယ်
 ဒါဟာ ... အချိန်​တန်​ရင်
အရာမှန်​ ​နေရာမှန်​ ​ရောက်​လာတတ်​ခြင်းရဲ့သီအိုရီပဲ။
မနက်​ခင်း ​နေမင်းရဲ့ ​မျှော်​လင့်​ချက်​​ရောင်​ခြည်​ကို 
အပြုံးနဲ့ ရင်​ဆိုင်​နိုင်​ဖို့ ဆန္ဒဖြစ်​မိသလား
မတရားအနိုင်​ကျင့်​ခံ​နေရမှု ​​အ​မှောင်​ထဲမှာ
ငါ့ညီ​လေး ခံနိုင်​ရည်​အားကို မြှင့်​တင်​လိုက်​ပါ။
ပြီး​တော့ ... 
ည​အမှောင်​မှာ ကြယ်​စင်​ထွန်းပဖို့
ငါ့ညီ​လေး ဆု​တောင်းစရာ မလိုဘူး။
ရာသီသာယာရင်​ အလင်းရမယ်
မိုးသက်​မုန်​တိုင်းကျ​နေရင်
မှောင်​မိုက်​​မှု​တွေက စိုးမိုးမယ်​။
ငါ့ညီ​လေး ...
အ​ခြေအ​နေ အချိန်​အခါနဲ့
လိုက်​​လျောညီ​ထွေစွာ ဖြတ်​သန်းတတ်​တဲ့
အသိပညာတစ်​ခု​တော့ သင်​ယူထားအပ်​တယ်​​လေ။
ညီ​လေး... 
မင်းငယ်​ငယ်​တုန်းက
"ဘဝမှာ ဘာအ​ရေးကြီးဆုံးလဲ" ဆိုတဲ့
အ​မေးတိုင်းအတွက်
မင်း ငါ့ဆီက အကြိမ်​ကြိမ်​ရခဲ့တဲ့ အ​ဖြေဟာ
"လွတ်​လပ်​မှု" ဆိုတဲ့ စကားလုံးပဲ မဟုတ်​လား။
ရွှေ​၊ ​ငွေ၊ တိုက်​အိမ်​၊ ဇိမ်​ခံကား 
အရာရာထက်​ လွတ်လပ်​မှုက ပိုအ​ရေးပါမှန်း
အခုဆို ငါ့ညီ​လေး သိ​လောက်​ပြီ​ပေါ့။
လူမျိုးတုံးဆိုတဲ့ လူလုပ်​ကပ်​​ဘေးရဲ့အလယ်​မှာ
ငါ့ညီ​လေး လူလား​မြောက်​ခဲ့ရတာကိုး။
ညီ​လေး ... 
ဇရာရဲ့ဆွဲအား​နောက်​ကိုပဲ လိုက်​​နေရတဲ့ ငါ
အရင်​လို စိတ်​သွားတိုင်း ကိုယ်​မပါ​တော့ပါဘူး။
အခုက ငါ့ညီ​လေး အလှည့်​!
အသိပညာနဲ့ ထက်​ကြွဖျတ်​လတ်​မှု​ ရှိသမျှ
ကိုယ်​စွမ်း ဉာဏ်​စွမ်း​တွေကို
အဖိနှိပ်​ခံ​တွေရဲ့ လွတ်​​မြောက်​မှုအတွက်​ သုံးပါ
အောင်​နိုင်​ခြင်း ပန်းတိုင်​ကို မ​ရောက်​မ​ချင်း​ပေါ့။
ညီ​လေးရဲ့လုပ်​ရပ်​တစ်​ခုစီတိုင်းဟာ 
သမိုင်းထဲမှာ အပြုံးနဲ့ ​နေရာယူတဲ့အခါ
ငါ့ရဲ့ဂုဏ်​ပြုမှုကို ဂုဏ်​ယူစွာ ဆက်​သ​ပေးပါတယ်​။
ဒါဟာ ... ငါ့​သေတမ်းစာထဲက  
ညီ​လေးအတွက်​ မှာတမ်းစာ​ကြောင်း​တစ်​ချို့။
ငါ့ညီ​လေး အာဂလူသား ဆိုတာ ယုံတယ်​။ 
Sn.Sep, B-11 
(26-09-2019)
The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website