ဤခရီး နီးလွန်း၏
ရေးဖွဲ့သူ- မေယုတာရာ
လူ့လောကကြီးထဲ ငိုစပြုရင်းဝင်လာခဲ့
မွေးကင်းစမှ ၅ နှစ်ထိ ကလေးဘဝမှာ
မိဘရင်ခွင်ထဲ ပျော်ပျော်လေးပဲကွယ်
စိုးရိမ်သောက အလျဉ်းမရှိ၊ လောကကြီးက ငါနဲ့တစိမ်း
မိဘထက်ပိုချစ်သူဟူ၍ နတ္ထိပါပဲ။
တစ်ခါ ၁၅ နှစ်အရွယ်ထိ လူကလေးဘဝ
ပူပန်စရာတွေ မတွေးတတ် ကခုန်ကစား စာဖတ် အိပ်ပျော်
မိဘအပြင် ချစ်တတ်သူတိုးလာပြီ ဆရာ၊ဆရာမများ
လောကကြီးက ချစ်စရာကြီးပါလား။
တစ်ဖန် ၂၅ နှစ်ထိ လူငယ်ဘဝ
၁၀ တန်းကျော်ဘွဲ့လဲရလာ လေ့လာလိုစိတ် အရာရာ
ဘဝနောင်ရေး စဉ်းစားတတ်ရင်းလေ
စွန့်စားတတ်သိလိုစိတ် ပြင်းပြတဲ့အရွယ်လေး။
သက်တော် ငါးဆယ်ထိ လူကြီးဘဝ
အိမ်ထောင်ဦးစီး ရင်သွေးတွေနှင့် စီးပွားရေးပါ ...
ငါ့ဘဝ
ရေးဖွဲ့သူ- Jainwaz Salim @ Ohmmar Win
ငယ်ငယ်ကပင် ကုလားကုလား
အခေါ်ခံရတာ ထပ်ခါထပ်ခါ
မကြားချင်တဲ့ ငါ့ဘဝမှာ
အမျိုးမျိုးခွဲခြားဆက်ဆံခံရ။
သို့ပေမယ့် ငါတို့ရိုဟင်ဂျာ
တနေ့တနေ့ အောင်မြင်လာမှာ
ငြိမ်းချမ်းရေးကို မျှော်လင့်ရင်းနဲ့
ခါးခါးသီးသီး ဖြတ်ကျော်လာရတာ
ဇွဲ့မလျော့ဘဲ သတ္တိမွေးကာ
အားအင်တောင် ချည့်နဲ့လာခဲ့။
အသက်ရှင်ဖို့ ရှောင်ပြေးရတဲ့ဘဝမှာ
နာနာကျင်ကျင် ကျော်ဖြတ်လာရတာ
စည်းစည်းလုံးလုံး ရင်ဆိုင်မှုက
အင်မတန် ဂုဏ်ယူစရာ
ငါ့ရပ်တည်နိုင်တဲ့ အင်အားတခုပါ။
(26-10-2020)
Editorial Team
The Art Garden Rohingya