The Blog

ခွင့်လွှတ်ပါ စာကလေးရယ်…

ရေးဖွဲ့သူ- ထွန်းလင်စို

ဆောင်းဦးရာသီ ဝမ်းစာကုန်ဆုံး
စပါးမပေါ်ခင် လယ်သမားမွဲတဲ့
ရာသီဆိုရင်လည်းမမှားပေ…….။
ငါငယ်ငယ်ရွယ်က
မြူးတူးခဲ့တဲ့ အိမ်ရှေ့တလင်းထဲ
ဖျာကြီးခင်းကာ စပါးနေပူလှန်းလို့
စာကလေးအတွက်ပျော်ဖို့နေရာ
ငါအတွက် စိတ်ဆိုးစရာ
အချိန်ပြည့် စပါးဖျာခင်းငါစောင့်ခဲ့ရ၏။

ဖျာခင်းနားက ငါလစ်ခဲ့ရင်
သူတို့ ဆင်းလာ စပါးကောက်စား
မေမေအတွက် ပြောကောင်းဟစ်
“စာကလေးတွေ စပါးအကုန်စားပစ်မယ်”လို့
မစာနာတဲ့ ငါ့စိတ်လည်း
မြင်မြင်ချင်း လွတ်မထားပေ
ကြင်နာထောက်ထား ငါမထား
စပါးတလုံး မပါစေလိုငှာ
တခါတလေ လေးကွနဲ့ ပစ်လို့
စာကလေးတစ်ချို့ကို ငါသတ်ပစ်ခဲ့ရ၏။

ဒါပေမယ့်…..
စာကလေးတွေ တစ်နေ့ကုန်
စပါးကောက်စားခဲ့သော်
တတောင်းမျှပင် စားမကုန်နိုင်
တစ်နှစ်လုံး စားပစ်ဖျက်ဆီးခဲ့သော်
ငါတို့ တမိသားစုရဲ့ တရက်စာ
မကုန်နိုင်တာ ကိုငါမသိပါလေ။

ဩော်….ယခုတဖန်
၂၀၁၇ ခုနှစ် အာရ်ကာန်မြောက်ပိုင်းမှာ
လူယုတ်မာ မြန်မာစစ်တပ်တွေက
သိန်းနဲ့ချီတဲ့ လူတွေကို သတ်ပစ်ကာ
သောင်းနဲ့ချီတဲ့ ရွာတွေရဲ့
အိမ်ခြေ ပေါင်းများစွာကို
မီးရှို့ပြာကျပျောက်ပစ်လို့
ရာဇဝတ်မှု ကျူးလွန်ထားခဲ့၏။

ဒါတွေမှအပ…
ငါတို့တွေရဲ့ချွေးနဲ့ ရင်းပြီးစိုက်ထားခဲ့တဲ့
ဧကပေါင်းများစွာ စပါးစိုက်ခင်း၊
ငှက်ပျောခင်း၊ အမျိုးမျိုးသော
ဟင်းခင်းတွေကို ဖျက်ဆီးဖျက်ပစ်လို့ တစက်တပင်အသုံးမဝင်ခဲ့
တမိသားစု တရွာလုံး တနယ်လုံးမက
တစ်နိုင်ငံလုံးစာ ရိက္ခာတွေဖျက်ဆီးခဲ့တာမို့
လွန်စွာ အပြစ်ကြီးမကျူးလွန်ခဲ့ပါလော့။

ဟိုးလူမမည် အရွယ်တည်းက
စပါးလုံး စားလို့ အပြစ်ထင် ပစ်သတ်ခံတဲ့
စာကလေးတွေရဲ့အသက်တွေအတွက်
ယခု ငါနောင်တရလေပြီးတကား။

( ၁၉-၀၅-၂၀၂၀) 
အယ်ဒီတာအဖွဲ့
The Art Garden Rohingya

Leave a Comment

Your email address will not be published.

Your Comment*

Name*

Email*

Website